Part - 62 [Uni&Zaw]

12.7K 1K 181
                                    

Unicode

"ဘာ!!"

ကျယ်လောင်စွာထွက်ပေါ်လာသည့် အသံကဒေါသကြောင့် အခန်းလေးထဲမှာ ဆူညံသွား၏။ဒေါသကိုထိန်းချုပ်ဖို့ရာ ဆိုဖာပေါ်ကို လက်တင်ကာ ဆုပ်ထားမိတော့ လက်သန်းကြွယ်မှာဝတ်ထားသည့်လက်စွပ်ကစိန်လေးက မီးရောင်အောက်မှာ ဖျတ်ခနဲ။

"ညွှန်းစာစီဖွဲ့ကို မထိခိုက်စေနဲ့လို့ငါမပြောထားဘူးလား"

"Boss...."

"မင်းပါးစပ်ကိုပိတ်ထား....၊လျှာရိုးမရှိတိုင်း ပြောနေတဲ့အကြောင်းပြချက်တွေကိုငါမလိုချင်ဘူး မိုးထက်နရီ!"

"........"

"အဲ့နှစ်ကောင်လုံးရဲ့လက်တွေကိုဖြတ်ပစ်လိုက်!!"

"Boss!"

"ငါစကားတစ်ခွန်းကို နှစ်ခါပြောရတာမကြိုက်ဘူးဆိုတာမင်းသိတယ်နော်!"

"မိုး နားလည်ပါပြီ Boss"

အမိန့်လက်ခံရရှိကြောင်းစကားအဆုံးမှာတော့ သူဖုန်းချကာ ဖုန်းကိုပါ ဆိုဖာပေါ်ပစ်တင်လိုက်၏။အသုံးမကျတဲ့ လူတွေ။သေသပ်စွာဖီးသင်မထားတာကြောင့်နဖူးပေါ်မှာ ဟိုစစဒီစစကျနေသည့် ဆံတို့ကြောင့် သူ့ပုံစံက ကောင်းလေးငယ်ငယ် နှင့်ပိုတူနေသည်။စိုရဲနေသည့်နူတ်ခမ်းလေးက စောစောကရက်ရက်စက်စက်အမိန့်ပေးခဲ့တာ ထိုနူတ်ခမ်းတွေမဟုတ်သလိုလှရက်လွန်းနေ၏။ထို့နောက်လက်ကလေးတစ်ဖက်ကို ပြန်ရုတ်ကာ ကျန်လက်တစ်ဖက် က လက်စွပ်လေးကိုပွတ်သပ်လိုက်ရင်း....၊

"ဒီလူတွေကအရမ်းကိုင်တွယ်ရခက်တာပဲ ချစ်သောရယ်....၊ကိုယ်တကယ် ဒေါသထွက်မိတယ်"

လက်စွပ်လေးကိုကြည့်ရင်ပြောနေသည့်စကားသံတို့က နူးညံ့သွဲ့ပျောင်းလွန်းနေသည်။မျက်ဝန်းအကြည့်နဲ့စကားသံတို့က ချစ်ရသူကိုမြင်ကြည့်ရင်း ချစ်မြတ်နိုးမှု့အပြည့်နဲ့ပြောနေသကဲ့သို့ပင်။

"ကိုယ် မင်းကိုသိပ်လွမ်းတာပဲချစ်သောရယ်....၊ဒါတွေပြီးရင် ကိုယ်ချစ်သောဆီအမှီပြန်လာခဲ့မှာပါ....၊ကိုယ့်ကိုစောင့်နေမယ်မလား"

ချစ်သောကသူ့ကိုစောင့်မှာပါ။သူတို့နှစ်ယောက်ကြားမှာဘယ်အရာက စတင်လွဲမှားခဲ့လည်းမသိခဲ့ပေမယ့် သူ့ကြောင့် ချစ်ရသူနာကျင်ခံစားခဲ့ရသည်။အိပ်စက်ခြင်းမမည်သည့်လှဲလျောင်းခြင်းမှာ သူ့အားရက်စက်စွာနာကျင်စေသည်။

You are My BoneWhere stories live. Discover now