Part - 51 [Uni&Zaw]

19.2K 1.4K 205
                                    

Unicode

"မင်းဒီတစ်ခေါက် ကိုယ်တိုင်သွားရင်ပိုအဆင်ပြေမယ်ထင်တယ်"

King က ကော်ဖီခွက်ကို ‌ဇမ်းရှေ့မှာချပေးရင်းဆိုသည်။Kingစကားကြောင့် Laptop မှာပဲအာရုံစိုက်ရင်းလှုပ်ရှားနေတဲ့ ဇမ်းလက်တွေခတ္တရပ်တန့်သွားလေသည်။ပြီးတော့ လက်ကိုပြန်အလုပ်ပေးလိုက်ရင်း....၊

"ကိစ္စတစ်ခုခုလား"

"အင်း...ငါ့လူတွေဘက်ကသတင်းပို့တယ် အဲ့တစ်ဝိုက်မှာ လွန်ခဲ့တဲ့၃နှစ်လောက်က မင်းရဲ့ရှင်းကိုတွေ့တဲ့လူရှိတယ်တဲ့"

ယခုတစ်ကြိမ်တွင်တော့ ဇမ်းလုပ်လက်စအလုပ်တွေ အလုံးစုံရပ်တန့်သွားရ၏။ရှင်းကိုတွေ့တယ်ဆိုတဲ့ အသိက ရေနစ်နေတဲ့သူ မြက်တစ်မျှင်ကိုဆွဲမိသွားသလို သူ့အာရုံတွေထဲမျှော်လင့်ချက်ရောင်ခြည်တွေ ပြန်အစပျိုးလာခဲ့သည်။၃နှစ်ကျော်ခဲ့ပြီ။နောက်ဆုံးတော့ မင်းကိုငါပြန်ဖမ်းဆုပ်နိုင်မှာပါ ရှင်း။

"ဘယ်အချိန်က သတင်းရတာလဲ"

"မနေ့က...၊မင်းသိတဲ့အတိုင်း ရွှေလိပ်ပြာဂိုဏ်းက လှုပ်ရှားမှု့သိုသိပ်တယ်....အပါးအနပ်မရှိရင် ငါတို့ အားထုတ်ထားသမျှ အကုန်သဲထဲရေသွန်ဖြစ်ကုန်မှာ"

"လမ်းကြောင်းအခြေအနေဘယ်လိုရှိလဲ....၊ငါဘယ်တော့တော့ သွားရင်အဆင်ပြေမလဲ"

"မင်း ဘယ်အချိန်သွားချင်လဲ....၊မင်းသွားမဲ့အချိန် ငါဟိုဘက်ကိုအကြောင်းကြားပြီး စီစဥ်ခိုင်းထားလိုက်မယ်"

"ငါကတော့ ဖြစ်နိုင်ရင် မနက်ဖြန်သွားမယ်"

"Dark ဖြစ်ပါ့မလား"

King မေးသာမေးလိုက်ရတာ Dark မျက်ဝန်းတွေက နှစ်ခါမေးစရာမလိုအောင်ခိုင်ကြည်နေမှန်းလည်းသိသည်။ရှင်းဆိုတာနဲ့ Dark ပုံစံက အခုလိုစိတ်မြန်လက်မြန်ပြောင်းလဲသွားတတ်မြဲ။သူ့အနေ သူ့ဖြစ်ခဲ့တဲ့အတိတ်တွေနဲ့သာဆို Dark ပုံစံက အေးဆေးတည်ငြိမ်နေမှသာထူးဆန်းနေမည်ဖြစ်သည်။မကောင်းခဲ့တဲ့အတိတ်အတွက် တစ်ချိန်လုံးသူ့ကိုယ်သူအပြစ်တင်ကာ ဒီဘဝထဲမှာပဲ နစ်မြှုပ်ပစ်ခဲ့တဲ့ Dark ကို King ကိုယ်ချင်းစာသလို နားလည်း,လည်ပါသည်။

You are My BoneWhere stories live. Discover now