Part - 65 [Uni&Zaw]

15.3K 1.1K 179
                                    

Unicode

မှန်တံခါးကနေထွက်သွားတဲ့ကားလေးကိုကြည့်နေတဲ့ ရှင်းခေတ်မျက်ဝန်းတွေက မှိုင်းညှို့နေသည်။ပြီးနောက် လိုင်ကာစတွေပြန်ဆွဲလိုက်ကာ ဆိုဖာဆီပြန်လျှောက်လာရင်း ခပ်လျောလျောကျောမှီထိုင်ကာ မျက်ဝန်းတွေကိုမှိတ်ထား၏။

"ဒုန်း!"

"......."

"ရှပ်!ရှပ်!"

တံခါးကို ဒုန်းခနဲနေအောင်ထုပစ်တာ လူပါသိမ့်ခနဲတုန်သွားသလိုပင်။ပြီးနောက်တစ်ဆက်ထဲမှာပဲ ခြေသံတစ်ရှပ်ရှပ်ကပါရှပ်တိုက်ပြေးနေ၏။

ရှင်းခေတ် မျက်ဝန်းတွေပြန်ပွင့်လာကာ ခပ်မှိန်မှိန်အလင်းလေးသာရှိနေသည့် အခန်းထောင့်က အဖြူရောင် အရိပ်လေးကိုလှမ်းကြည့်လိုက်၏။ပြီးနောက် သက်ပြင်းခပ်ဖွဖွချရင်း.....၊

"မင်း ငြိမ်းချမ်းသင့်ပါပြီ သူငယ်ချင်းလေးရယ်....၊ငါလည်း မင်းအတွက်စိတ်မကောင်းပါဘူး"

ရှင်းခေတ်အသံနဲ့မျက်ဝန်းတို့က သနားစဖွယ်အရာလေးကိုမြင်နေရလို့ ဂရုဏာသက်စွာပြောနေပုံ။ပြီးနောက် အဖြူရောင်အရိပ်ကလေးကို ကျောခိုင်းရင်း အိပ်ခန်းထဲတဖြည်းဖြည်းဝင်သွားလေသည်။

နောက်နေ့ကျမှ အကိုညွှန်းကိုသတင်းသွားမေးပါအုန်းမယ်လေ....။

_________________________________

"ကျွီ!"

"အီ....အီ....အု!"

ကားက တစ်လမ်းလုံးချောချောမွေ့မွ့မောင်းလာပြီး ရောက်ခါနီးမှ ပြဿနာကထဖောက်သည်။သို့သော် ကားကဖောက်တာမဟုတ်ခဲ့ဘဲ.....၊

"ဇမ်း....ဘာ...ဖြစ်တာလဲ"

ညွှန်း အိပ်မှုန်စုတ်မွှားပုံစံလေးဖြင့် ဇမ်းကို လေးတွဲတွဲလေးမေးတော့ ဇမ်းက ကားအရှေ့ကိုလှမ်းကြည့်နေရင်း ညွှန်းဘက်ကိုပြန်လှည့်လာသည်။ပြီးနောက် ညွှန်းကို လွှားခြုံပေးထားသည့် သူ့ကုတ်အင်္ကျီကို ညွှန်းကိုယ်ပေါ်ပိုဆွဲတင်ကာ လက်တစ်ဖက်က ညွှန်းပါးလေးကိုခပ်ဖွဖွပွတ်ရင်း....၊

"ဘာမှမဖြစ်ဘူး....၊ကျုပ်ခဏဆင်းကြည့်လိုက်မယ်"

ကားမောင်းနေရင်း အရှေ့က တစ်ခုခုဖြတ်ပြေးသလိုမို့ ဇမ်း ဘရိတ်အုပ်ပစ်လိုက်တာဖြစ်သည်။လမ်းမကြီးမှာမို့ ကားအသွားအလာကရှင်းနေပေမယ့် တစ်ခုခု ပြဿနာဖြစ်သွားရင် ကောင်းနိုင်ဖွယ်ရှိမည်မဟုတ်။ဇမ်း သူ့လူကို မနိုးစေချင်ပေမယ့် အအိပ်ဆတ်နေသည့်သူ့လူကတော့ နိုးလာခဲ့ပြီဖြစ်သည်။

You are My BoneWhere stories live. Discover now