Part_44[Uni&Zaw]

26.6K 1.8K 162
                                    

Unicode

နှစ်ပေါင်းများစွာဝေးကွာခဲ့ရသည့်နေရာကိိုနောက်တစ်ကြိမ်ခြေချမိတော့ အရာအားလုံးက အသစ်အဆန်းလိုဖြစ်နေသည်။‌ဒီမြေ၊ဒီရေနဲ့ဒီလေ အရာအားလုံးနဲ့ကင်းကွာခဲ့ရတာမို့ ဒီတစ်ခေါက်တော့ ကြာကြာလေးနေမယ်စိတ်ကူးထားသည်။သို့ပေမယ့် အိမ်ကိုတော့အရင်မပြန်ချင်။

မှန်ထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်း ကျေနပ်မှု့အပြည့်နဲ့ ခပ်လွန့်လွန့်ပြုံးမိပေမယ့် ဖေဖေနဲ့မေမေမျက်နှာတွေမြင်ယောင်လိုက်တော့ အီလည်လည်ကြီးဖြစ်သွားရပြန်သည်။ပုခုံး​ပေါ် step ကို အစွယ်အစွယ်နှင့် wolf cut ဆန်ဆန်ညှပ်ထား​တဲ့ ဆံပင်တွေက မျက်နှာနဲ့လိုက်ဖက်စွာ ရှိနေ၏။ဒါ့အပြင် လည်ပိတ်အောက်ခံအဖြူပေါ်မှာကုတ်အပွအနက်ကိုရင်ကွဲဝတ်ပြီး အောက်ကလည်းစတိုင်ပင်အနက်ကိုတွဲဝတ်ထားတာမို့ အထက်အောက်အနက်ချည်းတွေချည်းဖြစ်ကာ သူ့ပုံစံကလူရှိန်ချင်စရာကောင်း‌နေလျက်။ပြီးတော့ လည်ပင်းမှာဆွဲထားသည့် ပလက်တီနမ်ကြိုးမျှင်နဲ့ အင်္ကျီရင်ဘတ်မှာချိတ်ဝတ်ထားတဲ့ ငွေရောင်ချိန်းကြိုးတွေကြောင့် မိမိမိုက်မိုက်လူငယ်အသွင်။

သန့်စင်ခန်းထဲမှာရှင်းစရာကိစ္စရှင်းပြီးတာနဲ့လက်ဆေးပြန်ထွက်ဖို့ပေမယ့် မှန်ကြည့်နေရင်း တစ်စုံတစ်ယောက်ကိုဒေါသထွက်ဖို့သတိရကာ ဖုန်းဆက်ဖို့ပြင်သည်။

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်အချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်း...."

"တောက်!ဒီကောင်ကတော့ ဖုန်းကိုမကိုင်ဘူး"

ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုတာ ဒင်းကိုရည်ရွယ်တဲ့စကားများလားပဲ။ဒင်းက အဲ့စကားပုံထက် ပိုဆိုးတဲ့ကောင် ရောက်ရောက်ခြင်း လူကိုပုဆိန်နဲ့လှမ်းပေါက်သလိုပဲ။အလကားကျေးဇူးကန်းတဲ့ ကောင်။

စိတ်ထဲကနေ စိတ်တိုသလောက်ဆဲရေးပစ်လိုက်ပေမယ့်လူကနေသာထိုင်သာရှိမသွားတာမို့ လက်အစုံက ပုံကျနေတဲ့ဆံပင်တွေကြားထဲ ထိုးဖွပစ်လိုက်သည်။ဘယ်လောက်ဖွဖွ အချိန်တန်ရင် သူ့ဘာသာအရင်အတိုင်းအသားတကျပြန်ဖြစ်သွားတတ်တဲ့ ဆံနွယ်ပျော့ပျော့တွေက ခဏနေတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

You are My BoneWhere stories live. Discover now