Part - 76 [Ubi&Zaw]

10.9K 817 77
                                    

Unicode

"ညွှန်း...."

"........"

"ညွှန်း....၊ဟိတ် ထတော့... ၊ရောက်ပြီ"

ပခုံးလေးကိုခပ်ဖွဖွလှုပ်နှိုးတော့ အင်းအဲအသံပေးကာ အိပ်မှုန်စုတ်မွှားလေးနဲ့ မျက်ဝန်းတွေကိုဖွင့်လာသည်။ထိုအခါ သူ့လူကိုဆင်းဖို့ပြောပြီး နှစ်ယောက်သားအထုတ်ကိုယ်စီဆွဲကာကားပေါ်ကဆင်းလာသည်။

ဇမ်းတို့ ကလေးကိုရောက်သည့်အချိန်က ည၁၁ကျော်နေပြီဖြစ်သည်။ခရီးကကြားမှာဖင့်သွားတာကြောင့် ရောက်တဲ့အချိန်က ကမောက်ကမဖြစ်ရ၏။ဈေးငယ်တစ်ခုဖြစ်ဟန်တူသည့် လမ်းမှာမို့ အရင်ဆုံး  မှိန်ဖျောဖျော့မီးသီးလေးချိတ်ထားသည့် လမ်းဘေးကသစ်ပင်အောက်ကိုအရင်လျှောက်သွားလိုက်သည်။ပြီးနောက် ဖုန်းထုတ်ကာ ဆက်သွယ်မှု့တွေပြုလုပ်နေပေမယ့် တစ်ဖက်နဲ့ကအချိတ်အဆက်မမိဖြစ်နေ၏။ထို့နောက် လည်ပင်းမှာဆွဲထားသည့် ဆိုင်ကယ်လော့ကယ်နဲ့Helmet လော့ကယ် ကြိုးနှစ်ခုထဲမှ ဆိုင်ကယ်လော့ကယ်ကြိုးကို လက်နဲ့ခပ်တင်းတင်းဆုပ်လိုက်မိသည်။

"ကျစ်!"

ဇမ်း စိတ်မရှည်သလို စုတ်တစ်ချက်သတ်ကာ စိတ်ရှုပ်စွာ ဆံပင်တွေကြားထဲကိုလက်တွေနဲ့ထိုးဖွပစ်လိုက်၏။ထို့နောက် နောက်တစ်ကြိမ်ဆက်သွယ်မှု့လုပ်နေရင်းပတ်ဝန်းကျင်ကိုလေ့လာနေမိသည်။ဆိုင်တွေလို့ထင်ရသည့်အဆောက်အအုံလေးတော်တော်များများက တံခါးတွေပိတ်ကာ အမှောင်ချတိတ်ဆိတ်နေပြီဖြစ်သည်။အချိန်အားဖြင့်ကလည်း နည်းမှမနည်းတော့တာ။သို့သော် ခပ်လှမ်းလှမ်းက နေရာလေးတစ်ခုကတော့ မီးရောင်ဖျဖျလေး အလင်းဖြာနေ၏။

"ညွှန်း....၊ဟိုဘက်ကိုသွားရအောင်"

ဇမ်း ဆက်သွယ်မှု့ပြုလုပ်လို့မရသည့်ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ကာ သူ့လူလက်လေးကို မိမိရရဆွဲကာ ခြေလှမ်းတွေပြင်လိုက်သည်။သူ့လူကတော့ အခုမှအိပ်ရေးမဝတဝဖြင့် လိုက်လာရတာကြောင့်လားမသိ ဘာစကားမှမဆိုဘဲ ဇမ်းရဲ့ဦးဆောင်မှု့နောက်မှာ အရိပ်ကလေးလိုတစ်သားထဲဖြစ်နေ၏။ဇမ်းရဲ့ပင်ကိုစိတ်နဲ့ဆို ဘယ်လိုဘယ်အခါ၊ဘယ်အခြေအနေဖြစ်ဖြစ် မမှု့သော်လည်း အခု သူ့လူပါလာသည့်အတွက် အရာရာဟာ သူ့လူအတွက်သာဦးစားပေးဖြစ်နေသည်။မလွှဲသာ၍ အန္တရာယ်ဆူးတောကြားမှာ ဖြတ်ပြေးရမည်ဆိုရင်တောင် သူ့လူကို ဆူးခြစ်ရာလေးတောင်မထင်အောင် သူပဲအနာခံချင်သည်။

You are My BoneWhere stories live. Discover now