Part - 84 [Uni&Zaw]

10.1K 665 136
                                    

Unicode

"အဖဘုရားသခင်၊သားတော်နဲ့သန့်ရှင်းသောဝိညာဥ်တော်တို့ရဲ့နာမတော်ကိုတိုင်တည်၍ ဆုတောင်းဆပ်ကပ်ပါတယ် အာမင်"

ဇမ်း ဘုန်းတော်ကြီးရဲ့ ဝတ်ပြု၊ဘုရားစာဖတ်ခြင်းပြီးစီးအောင်စိတ်ရှည်ရှည်နဲ့စောင့်နေလိုက်သည်။ဘေးက သူ့လူကိုကြည့်တော့ စိတ်ဝင်တစားနားထောင်နေသည့်တိုင် မျက်ဝန်းလေးတွေက တည်ငြိမ်လေးနက်နေသည်။ဇမ်း သူ့လူလက်လေးကို လှမ်းကိုင်လိုက်တော့ ညွှန်းက သူ့ကိုကြည့်ကာ ပြုံးပြလာ၏။

"ခဏနေ မင်း ဖာသာနဲ့စကားပြောရင် ငါအပြင်မှာစောင့်နေမယ်နော်.....၊စောစောကအပြင်ကချယ်ရီပင်အောက်မှာကစားနေတဲ့ကလေးတွေကိုတွေ့ခဲ့တယ်"

သူစကားပြောတဲ့အခါ တစ်ချို့စကားတွေမှာလူပိုရှိနေရင် ပြောရတာ အဆင်မပြေမှာဆိုးလို့ သူ့လူရှောင်ပေးနေမှန်းဇမ်းနားလည်သည်။

"ကျေးဇူးပါ ညွှန်း"

"ဘာမှလည်း မဆိုင်တာကို"

"ဟွန်း!"

ဇမ်းကရိုးရာမပြတ် ဟွန်းခနဲရယ်တော့ ညွှန်းက ပြုံးစစလေးဖြင့် အရှေ့ကိုပြန်လှည့်သွား၏။သိပ်မကြာခင် ဖာသာရဲ့ ဟောပြောခြင်းလည်းပြီးကာ အားလုံးက ဝတ်ပြုခြင်းကိုအဆုံးသတ်လိုက်ကြ၏။ထို့နောက် ဝတ်ပြုဆုတောင်းကြသူတွေလည်း အသီးသီးဘုရားကျောင်းအတွင်းမှထွက်သွားကြလေသည်။အားလုံးထွက်သွားပြီဆိုမှ ညွှန်းကပါ ဇမ်းကိုခေါင်းလေးတစ်ချက်ညိတ်ပြရင်း ထွက်သွားလေသည်။

"တွေ့ဆုံဖို့ပြောထားတဲ့လူငယ်ထင်တယ်"

"ဟုတ်ပါတယ် ဖာသာ"

"ဒီဘက်မှာ လာထိုင်လိုက်ပါ လူငယ်လေး"

"ကျေးဇူးပါ"

ဇမ်း ဖာသာညွှန်ပြပေးသည့် ခုံမှာ ဖာသာနဲ့အတူမျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ထို့နောက် ဖာသာပြောလာမည့်စကားတစ်ချို့ကိုအာရုံစိုက်နေလိုက်သည်။

"သိချင်တာကဘာအကြောင်းအရာများလဲ လူငယ်....၊ပုံမှန်အားဖြင့်တော့ ဒီမှာ အပြင်လောကနဲ့ပတ်သတ်တဲ့ကိစ္စတွေ မရှိတာများတယ်ဆိုတော့"

You are My BoneWhere stories live. Discover now