Part - 81 [Uni&Zaw]

7.9K 682 141
                                    

Unicode

ညကတဖြည်းဖြည်းနက်လာပေမယ့် မပြီးပြတ်သေးသည့်အလုပ်များကိုလက်စသတ်ရင်း စက်ရှိန်မအားဖြစ်နေရသည်။သတိရမှ နာရီကြည့်လိုက်မိတော့ မနက် ၂နာရီထိုးနေပြီဖြစ်သည်။အနည်းငယ် ကိုက်ချင်နေသည့် ခေါင်းနဲ့ မျက်ရိုးကြောင့် လုပ်ကို အလုပ်ပေးကာ နားထင်တွေကိုခပ်ဖွဖွ နှိပ်နှယ်လိုက်၏။ပြီးမှ လက်ညိုးလက်မ‌သုံးကာ မျက်ခုံးနှစ်ဖက်စုံသည့်နေရာကိုပါ တစ်ဆက်ထဲ ခပ်ဖွဖွနှိပ်လိုက်သည်။ထို့နောက်မှ အကြောတစ်ချက်လျော့ကာ ဖုန်းကိုကောက်ကိုင်လိုက်ကာ စားပွဲမှ ထဖို့ပြင်သည်။သို့သော် စားပွဲပေါ်မှာတင်ထားသည့် သကြားဗူးလေးမြင်တော့ စက်ရှိန်မထဖြစ်တော့ဘဲ ဖုန်းContacts ကိုတစ်ချက်ဖွင့်လိုက်မိသည်။

တစ်ပတ်ကျော်နေပြီမဟုတ်လား။
ပုံမှန်ဆို ထိုချာတိတ်က ဤမျှလောက်အလုပ်ပျက်တတ်တဲ့သူမဟုတ်။အလုပ်သင်ကာလကိုနားလိုက်တာမျိုးမဟုတ်ဘဲ ဦးမင်းဆစ်စိုင်ကိုယ်တိုင် နှိုင်းရတုဆစ်နေမကောင်းသေးတာကြောင့် အနားယူဖို့အတွက် ခွင့်ပေးဖို့သေချာပြောဆိုသွားတာဖြစ်သည်။အခုတစ်ပတ်ကျော်နေသည်အထိ အလုပ်ပြန်မတက်သေးတာ အခုထိနေမကောင်းသေး၍များလား။

တွေးမိတော့လည်းစိတ်ပူမိပြန်သည်။သူပေးတဲ့အတိုင်းပြန်မပေးနိုင်သည့်တိုင် ထိုကလေးကို အလုံးစုံလစ်လျှုရှုနိုင်သည်တော့ မဟုတ်။ခရီးကပြန်လာကတည်းက ကိစ္စတစ်ချို့ကြောင့် သူချာတိတ်ကို‌ရှောင်နေခဲ့မိသည်။ဒါကို ချာတိတ်လည်းသိမည်။အထူးသဖြင့် နောက်ဆုံးတစ်ခေါက်အိမ်ပြန်လိုက်ပို့ဖို့ငြင်းခဲ့သည့်အကြိမ်ပင်။ထို့အပြင် ထိုအခေါက်က နွယ်က ကုမ္ပဏီကိုရောက်လာခဲ့သည့်အတွက် ထိုချာတိတ်မြင်သာအောင် စက်ရှိန်ကိုယ်တိုင် ပိုပိုသာသာနွယ့်ကိုလောကွတ်ချော်ခဲ့သည်။

"ဖုန်းဆက်သင့်လား"

ကိုယ်ကြားရုံအသံနဲ့စက်ရှိန်ဝေခွဲရခက်နေပေမယ့် အချိန်ကအတော်လင့်နေပြီမို့ ဖုန်းဆက်ဖို့ကို အစီအစဥ်ထဲကထုတ်ပယ်လိုက်ရ၏။ထို့နောက် ဖုန်းကိုပြန်ဖွင့်ကာ စာတစ်ချို့ကိုရိုက်ရင်းပို့လိုက်မိသည်။သူ့စာမြင်ရင်တော့ ချာတိတ်လည်းစာပြန်ကောင်းပါသည်။ဘယ်လိုပဲဖြစ်ဖြစ် လူမှု့ရေးအရရှိသေးသလို၊ချာတိတ်ကို သံယောဇဥ်ရှိတာမို့ ပစ်ပစ်ခါခါကြီးထားလိုက်ဖို့တော့ မတွေးထားပါ။

You are My BoneWhere stories live. Discover now