ရှင်းလင်းချက်/ရှင်းလင်းချက်

17.7K 601 107
                                    

စာတွေအကုန်လုံးပြင်ဆင်ပြီးစီးသွားပါပြီရှင့်။ဒါပေမယ့် ဒီရှင်းလင်းချက်နဲ့ဖြေရှင်းစာကို ကျွန်မ မဖျက်ပါဘူး။နောက်တစ်ချိန် ဒီCaseနဲ့ပတ်သတ်တဲ့တစ်စုံတစ်ခုသော ကြောင်းအရာတွေ ပြန်လည်အသက်ဝင်လာတာမျိုး၊တစ်ကျော့ပြန်လာတာမျိုးဖြစ်လာတဲ့အခါ ကျွန်မစာဖတ်သူတွေ သို့လော၊သို့လောနဲ့အတွေးမများစေချင်တဲ့အတွက်ပါ။အကယ်၍ သင်္ကာမရှင်းဖြစ်တဲ့အခြေအနေတစ်ချို့ရှိလာခဲ့ရင် ကျွန်မကိုတိုက်ရိုက်မေးလို့လည်းရပါတယ်။ကျွန်မစာဖတ်သူတွေအတွက်ဆို ရှင်းပြရခြင်းက စိတ်လိုလက်ရစိတ်ရှည်ခြင်းပါပဲ။အခုထိ ကျွန်မနဲ့အတူ ဆက်ရှိနေပေးတဲ့စာဖတ်သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🧡


________________________________________

ဒီမှာထပ်မရှင်းရင် သိကြမှာ မဟုတ်ဘူးဆိုလို့ ထပ်ရှင်းပေးတာပါနော်။ဒါFb Accမှာတင်ထားတဲ့ ရှင်းလင်းချက်ပါပဲ။

လိုရင်းတိုရှင်းပဲသွားတာပေါ့။ဖြစ်တဲ့ပြဿနာက Personal ကြောင့်ရှည့်လျားလာတာပေမယ့် ကိုယ့်အနေနဲ့ ဘယ်သူ့ Personal ကိုမှ မထိခိုက်စေဘဲ လိုရင်းကိုပြောပါ့မယ်။Personal ဆိုတာက ကျွန်မတို့ဒီလူတွေရဲ့ကြားမှာဖြစ်ခဲ့တဲ့အတွင်းရေးတွေ ကျွန်မအနေနဲ့မဖော်ပြသွားဘူးဆိုတာပါ။

ဒါက YAMB နဲ့ပတ်သတ်တဲ့ရှင်းလင်းချက်ပါ။

YAMB Fic nameက အဲ့အဲ့ပေးခဲ့တာ။
Fic စရေးမယ်ဆိုတုန်းက Gpထဲမှာ ကျွန်မအနေနဲ့ မမြွေ၊မကြွေ၊မအဲ့အဲ့နဲ့ မနာနာတို့ကို ပြောပြခဲ့ပါတယ်နော်။ဇာတ်ကောင် ကာရိုက်တာက ဒီလိုလေးရှိတယ်ဆိုပြီး။ပြီးတော့ အဲ့တုန်းက Fic nameက နှစ်ခုမှာ ဘယ်ဟာကပိုကောင်းလည်းဆိုပြီး ဝိုင်းရွေးခိုင်းတော့ ပထမတစ်ခုက လူတိုင်းသုံးတယ် ရိုးတယ်ဆိုပြီး။တစ်ခြားတွေပြောင်းစဥ်းစားခဲ့ရင်း နောက်ဆုံး အားလုံးနဲ့အကြိုက်မတူဘဲ ကိုယ်ကြိုက်တဲ့ Bone ဆိုတာကိုရွေးယူဖြစ်ခဲ့တာ။

You are My BoneWhere stories live. Discover now