Part - 61 [Uni&Zaw]

13.8K 1.1K 160
                                    

Unicode

"ဒုန်း!"

"ကျွီ!"

"အားးးး!!"

"ဝုန်း!ဘုန်း!"

အခြေအနေတစ်ခုလုံးက မှောက်လှန်လိုက်သလို ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ငရဲပွက်သလိုဆူညံသွားလေသည်။ဇမ်းဆိုင်ကယ်သည် အကွေ့ရဲ့ အတွင်းဘက်ကိုယူထားတာကြောင့် ဖြစ်သွားသည့်အခြေအ‌နေကြားမှာ မဟန်နိုင်ဘဲ ဆိုင်ကယ်ရောနှစ်ယောက်လုံးပါ လမ်းဘေးဘက်ကို လွှင့်ထွက်သွားရခြင်းပင်။

"ဟား...ဟား....အစကတည်းကဒီပြိုင်ပွဲမှာ စည်းမျဥ်းသတ်မှတ်ချက်မရှိဘူး‌လို့ငါပြောခဲ့သားပဲ....၊အဲ့တော့မင်းကိုယ်မင်းပဲအပြစ်တင်"

ဆိုင်ကယ်သံတွေလူသံသူသံတွေဆူညံ့နေသည့်အချိန် နားထဲမှာ ဝေးဝေးဝါးဝါးစကားသံက နားစည်ကိုလာပဲ့တင်သည်။လှုပ်ကြည့်လိုက်တော့လူတစ်ကိုယ်လုံးမွမွကြေအောင် ရိုက်နှက်ခံထားရသလို နာကျင်နေသည်။

ညွှန်း!

ကိုယ်တိုင် လှုပ်ရပြုရအဆင်မပြေသေးသည့်အချိန် ခေါင်းထဲဖျတ််ခနဲအရင်သတိရမိသူက သူ့လူ။သူ့လူရောဘာဖြစ်သွားပြီလဲ။သူတောင် ဒီလောက်နာကျင်နေတာ သူ့လူဆို ဘယ်လောက်အထိနာနေမလဲ။

ဇမ်းအတွေးတွေကိုလက်စမသတ်နိုင်ဘဲ အလူးအလဲထဖို့လုပ်သည်။နားထဲမှာ ဇမ်းနာမည်ကိုခေါ်နေသည့် လူတစ်ချို့အသံနဲ့ပြေးလာနေသည့်ခြေသံတို့ကိုကြားနေရသည်။ဇမ်း အလူးအလိမ့်ထရင်းဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ငြိမ်သက်စွာ လဲနေသည့် သူ့လူ။

"ညွှန်း!"

ဇမ်း အသံကုန်အော်လိုက်ကာ ပြေးရင်း Helmet ကို ချွတ်ကာလွှတ်ပစ်လိုက်သည်။သူ့လူ့ဆီရောက်တာနဲ့ သူ့လူကို‌ရင်ခွင်ထဲဆွဲပွေ့ကာ တစ်ဆတ်ထဲ Helmet ကိုပါချွတ်‌လိုက်သည်။ပြီးတော့ သူ့လူရဲ့ပါးလေးကိုခပ်ဖွဖွလေးထိရင်း....၊

"ညွှန်း!ညွှန်းစာစီဖွဲ့!!"

ဇမ်းဘယ်လိုခေါ်ခေါ်ပိတ်ယှက်ထားသည့် ညွှန်းမျက်ဝန်းတွေကပွင့်မလာပေ။ထို့ကြောင့် ဇမ်း ညွှန်းရဲ့လက်ကောက်ဝတ်လေးကို စမ်းကြည့်တော့ ဇမ်းရဲ့လက်ကသွေးတို့က ညွှန်းအင်္ကျီအဖြူလေးပေါ်မှာ မြင်မကောင်းစွာ စိုရဲသွားလေ၏။သို့သော် အခုအချိန်မှာ ဇမ်း သူ့ရဲ့ဘယ်အစိတ်အပိုင်းက နာနေလဲဆိုတာ မဆန်းစစ်အားသေးဘဲ သူ့လူကိုသာအစိုးရိမ်ကြီးနေသည်။

You are My BoneWhere stories live. Discover now