Part-18[Uni&Zaw]

28.1K 2K 219
                                    

Unicode

ညကတိတ်ဆိတ်သလိုကျောချင်းကပ်ထားတဲ့လူနှစ်ယောက်ကလည်း ခပ်မှန်မှန်အသက်ရှုသံကလွဲ၍အခန်းဟာတိတ်ဆိတ်နေ၏။သို့ပေမယ့် မည်သူတစ်ဦးတစ်ယောက်တစ်ယောက်ကမှ အိပ်ပျော်မနေကြသေး။

"ငါမနက်ဖြန် အလုပ်သွားလျှောက်မှာ"

အသံလေးက ခပ်တိုးတိုး။
မနက်က ကိစ္စဖြစ်ပြီးကတည်းက ညွှန်းကသူ့ကိုလုံးဝအတွေ့မခံ စကားလည်းမပြောပေ။ပုံမှန်လိုအေးအေးဆေးဆေး ပြေပြေလည်လည်ပြောရင်တောင် သူလက်ခံမိမှာပေမယ့် သူ့လူကအရမ်းကိုဆိုးလွန်းသည်။ပြီးတော့ မာနကလည်းကြီးသေး။လျှာပေါ်မြက်ပေါက်ရင်တောင် ဒါမလုပ်ဘူးဆို မလုပ်ဘူး ဆိုတဲ့သူမျိုး။

"ခင်ဗျား စလာပြန်ပြီလား"

ဇမ်းက ညွှန်းနဲ့ကျောချင်းကပ်လှဲနေရာကနေ ညွှန်းဘက်ကိုလှည့်လာရင်း လက်ထောက်ခေါင်းတင်ကာ ညွှန်းကိုပြောလိုက်သည်။တစ်ဖက်ကလှုပ်လှုပ်ရှားရှားလုပ်လာတာကြောင့် ညွှန်းအနည်းငယ်လန့်သွားကာ စောင်ကိုရင်ဘတ်အထိဆွဲလိုက်ရင်း ဇမ်းဘက်ကိုလှည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေတဲ့ ဇမ်းရဲ့ရင်ခွင်ထဲမှာကွက်တိ။

"မင်း!"

"ဟိတ်!ငြိမ်ငြိမ်နေ ခင်ဗျား"

ညွှန်းလန့်ဖျန့်ကာ အလန့်တကြားအနောက်ကိုပြန်ဆုတ်ဖို့လုပ်တော့ ဇမ်းကသူ့ရဲ့သန်မာတဲ့လက်တွေနဲ့တွေနဲ့ ညွှန်းရဲ့ခါးလေးကိုဆွဲဖက်ပစ်သည်။ညွှန်းကလှုပ်စိလှုပ်စိနဲ့လုပ်လေ ဇမ်းကပိုတိုး ဖက်ထားလေဖြစ်တာ‌ကြောင့်‌အနေအထားက  ကြပ်ကြပ်တည်းတည်းဖြစ်သွားရ၏။

'မင်း! မင်း ဘာလုပ်ဖို့လဲ"

"ဘာလုပ်ဖို့ရမှာလဲ...မနက်ကပဲ ခင်ဗျားကို အဲ့ဒီအလုပ်,လုပ်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်ပြောပြီးပြီလေ"

"ငါက မင်းပြောတိုင်းနားထောင်ပေးရမှာလား"

"ခင်ဗျားကိုနားထောင်ခိုင်းနေတာမဟုတ်ဘူး...မလုပ်ရဘူးလို့ပြောနေတာ"

"လုပ်မှာ"

ညွှန်းက မကျေနပ်သလိုဆောင့်ဆောင့်အောင့်အောင့်ပြောလာတာကြောင့် ဇမ်းချက်ချင်းဆိုသလို ညွှန်းအပေါ်ကနေခွကာ အုပ်မိုးပစ်လိုက်ရင်း

You are My BoneWhere stories live. Discover now