Part-12[Uni&Zaw]

30.7K 2K 188
                                    

Ubicode

"အခန်းကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ကျုပ် Condoကို သိပ်ပြန်လာတာမဟုတ်ဘူး အပြင်မှာဝေ့နေတာကများတာ"

ညွှန်း အခန်းထဲရောက်သည်နှင့် ဟိုဟိုဒီဒီ‌ကြည့်မိလိုက်သည်။Condoက ငါးလွှာမှာဖြစ်ပြီး မြို့ရဲ့အချက်အချာကျတဲ့နေရာဆိုတော့ ဈေးကတော်တော်မြောက်မဲ့ပုံပင်။အခန်းအပြင်အဆင်က ရိုးသလိုလိုနှင့်ဆန်းလေးဖြစ်နေကာ အပိုပရိဘောဂဘာညာလည်းထား,ထာတာမတွေ့ဘဲ ရှင်းရှင်းလင်းလင်းဖြစ်နေ၏။

"အိမ်ပြန်မလာတော့ မင်းကဘယ်တွေသွားနေတာလဲ"

"ဒီလိုပဲ တစ်ခါတစ်လေ ညလုံးပေါက် ဆိုင်ကယ်နဲ့ဝေ့တယ်၊ပြိုင်ဖို့ရှိရင်လည်း တစ်ညလုံး လစ်နေတာ"

ဇမ်းက အပေါ်ထပ်ဂျာကင်ကိုချွတ်ရင်း ဆိုဖာခုံတွေဆီကိုလျှောက်သွားတော့ ညွှန်းကမျက်နှာလေးတစ်ချက်မဲ့ကာ "ဂျလေဘီ" ဟုခပ်တိုးတိုးဆို၏။

"ဒီမှာ ခင်ဗျားသောက်ဖို့ဆေးတွေ၊လောလောဆယ် ခင်ဗျားအလုပ်လည်းမရှိသေးတော့ အေးအေးဆေးဆေးနားပေါ့"

ညွှန်တို့အိမ်ကထွက်လာတာနဲ့ အိမ်‌‌ရှေ့ရောက်ရုံရှိသေး ခွေခနဲလဲကျသွားတာမို့ ဇမ်းအနည်းငယ်ပြာယာခပ်သွားမိသေးသည်။ပြီးတော့ သူဇော်ဖြိုးတို့ကို ဖုန်းလှမ်းဆက်ခေါ်ပြီး သိပ်မကြာခင်ပဲညွှန်းကသတိပြန်ရလာတာမို့ ဇော်ဖြိုးတို့ရောက်တာနဲ့ ဆေးခန်းကိုအရင်သွားခဲ့လိုက်တာလည်းဖြစ်သည်။ဆရာဝန်ကတော့စိုးရိမ်စရာမရှိဘူးပြောပေမယ့် ညွှန်းမျက်နှာက တ‌အားဖျော့နေတာမို့ အားဆေးတွေပါဇမ်းပေါင်းထည့်ခိုင်းလိုက်သေး၏။

"ငါအလုပ်မရှိဘူးလို့ဘယ်သူပြောလဲ"

"ကျုပ်ပြောတာလေ၊ခင်ဗျားအဖေရဲ့စိတ်နဲ့ဆို သူ့လောင်းရိပ်ကျတဲ့ ဘယ်နေရာမှာမဆိုခင်ဗျားကိုမြင်ချင်မှာမဟုတ်ဘူး"

"အဲ့တာတွေအကုန်မင်းကြောင့်လေ"

ဇမ်းကခပ်အေးအေးပြောပေမယ့် ညွှန်းမျက်ခမ်းစပ်လေးတွေရဲကာလှမ်းအော်သည်။သို့ပေမယ့် ဇမ်းကတော့ ဂရုမစိုက်သလို မီးဖိုခန်းထဲဝင်ကာ ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးကိုထုတ်ပြီး အဖုံးကိုဇိမ်ပြေနပြေဖွင့်၏။

You are My BoneWhere stories live. Discover now