Part_46[Uni&Zaw]

21.3K 1.7K 248
                                    

Unicode

"ရိပ်ရိပ်"

"Luna ပါဆို ကိုကိုကလဲ"

"ဘာကို Lunaတာလဲ....ကလေးမဟုတ်ဘဲ အရိုက်ခံရတော့မယ်နော် မိရိပ်"

"ကိုကိုကလည်း..."

စက်ရှိန်အသံခပ်ကြိတ်ကြိတ်နဲ့ဆောင့်ထွက်လာတော့ Luna ပါးကုတ်နားကုတ်ဖြစ်သွားရ၏။အိမ်မှာနေတုန်း တစ်အိမ်လုံးက ရိပ်ရိပ်လို့ခေါ်တာ အသားကျခဲ့ပေမယ့် သူ့စိတ်ကိုယ်သူတဖြည်းဖြည်းပိုနားလည်လာချိန်ကစပြီး သူ့ဘဝအစိတ်အပိုင်းရဲ့မိန်းကလေးဆန်မှု့တို့ကို မှင်နီတားပစ်ခဲ့သည်။သဘာဝကိုဆန့်ကျင်တာ မလွယ်ကူပေမယ့် သူသဘောကျတဲ့ဘဝရဖို့အတွက် ဘာကိုမှကြောက်မနေပါ။ရိပ်ဆိုတာ သူ့အတွက်နူးညံ့လွန်းနေတာမို့ သူ့ကိုယ်သူနာမ်စားမသုံးချင်။လရိပ်ရဲ့လက Moonကိုယူပြန်တော့လည်း မိန်းကလးဆန်သည်ဟုချေးများ‌နေတာကြောင့် Latin ဘာသာစကားရဲ့ "လ" ဖြစ်တဲ့ Luna ကိုသာယူခဲ့ခြင်း။

"ကိုကိုကလည်း"

"ကိုကိုကလည်းမနေနဲ့....အခုကဘာလုပ်တာလဲ၊ပြန်လာမယ်ဆိုတော့လည်း အကြောင်းမကြားဘာမကြား...၊ရောက်လာတော့လည်း ဖေဖေရောမေမေရောမရှိတဲ့အချိန်ကျမှ"

"ဖေဖေနဲ့မေမေသာရှိရင် Luna အခုလိုနေရမလား...၊ပြန်လာတာနဲ့ စာပေဟောပြောပွဲထိုင်ရသလို ‌သြဝါဒတွေအခြွေခံနေရမှာ...၊ကိုကိုတောင်အခု Lunaကို ဖိုးဖိုးကြီးဆူသလိုဆူနေပြီမလား "

အရှေ့ကနေတစ်ခွန်းမကျန်ပြန်ပြောရင် ကလေးဆိုးလိုလုပ်နေသည့် ညီမဖြစ်သူကိုကြည့်ရင်း စက်ရှိန်လေပူတစ်ချက်ကိုမှုတ်ထုတ်သည်။ဒီနေ့ အလုပ်နားနေသည်မို့ ဧည့်ခန်းမှာ အ‌လုပ်‌အကြောင်းဖုန်းပြောနေတုန်း ခြံတံခါးသူ့ဘာသာဖွင့်ကာ ဆင်ဝင်အောက်ကိုမောင်းဝင်လာသည့် ဆိုင်ကယ်ကြောင့် စက်ရှိန်စိတ်တိုခဲ့ရသေးသည်။Helmet ကိုချွတ်ပြီးအိမ်ထဲဝင်လာသည်အထိ ရုတ်တရပ်မမှတ်မိတာကြောင့် စိတ်တိုကာ ပြောမလို့ပြင်ပြီးမှ တဖြည်းဖြည်းမျက်မှန်းတန်းမိလာတာ သူ့ညီမဖြစ်သူ ဖန်လဝန်းရိပ်။

"အခုဒါက ဘယ်လိုပုံစံဖြစ်လာတာလဲ ရိပ်ရိပ်....ဖေဖေနဲ့မေမေပြန်လာရင် ဘယ်လိုရှင်းအုန်းမှာလဲ"

You are My BoneWhere stories live. Discover now