Unicode
"အသေးစိတ်အခြေအနေကဘယ်လိုလဲ"
"အခုအချိန်ထိစစ်ထုတ်ပြီးသမျှကတော့ ရှမ်းနယ်စပ်နဲ့ချင်းနယ်စပ်ပဲ"
"တိတိကျကျ တစ်ခုထဲကိုစစ်ထုတ်ပေးလို့မရဘူးလား"
"ဒီလောက်ထိလုပ်ပေးတာကိုပဲကျေးဇူးတင်"
ဇမ်းကပြောတော့ King ကမကြည်,ကြည့်နဲ့ကြည့်ကာ မကျေမနပ်ဆိုသည်။ဒီလောက် တစ်နိုင်ငံလုံးဖြန့်ထားတဲ့ အဖွဲ့အစည်းတစ်ခုကိုထဲရောက်သွားသည့် လူတစ်ယောက်ကိုအစရှာဖို့လွယ်တယ်ထင်နေလားမသိ။ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာကမှ ကောက်ရိုးပုံကိုမီးရှို့လိုက်ရင်အပ်ထွက်လာအုန်းမယ်။အခုဟာက ဘဲဥအစရှာနေသလို။
"စဥ်းစားလိုက်အုန်းမယ်"
"ဒီ လဒကတော့လား"
"ဟွန်း"
King ဆဲရေးလိုက်သည်ကိုပင် အသံထွက်ပြီးရယ်လိုက်သေးသည် Dark ကြောင့် စိတ်အချဉ်ပေါက်သွားမိ၏။
"ငါတကယ်နားကိုမလည်တော့ဘူးသိလား"
"ဘာကိုလဲ"
"မင်းလိုပြောရဆိုရလက်ပေါက်ကပ်ပြီး ကန့်လန့်လုပ်တဲ့ကောင်ကို ကိုညွှန်းစာစီဖွဲ့ ဘယ်လိုမျိုးသည်းခံလည်းဆိုတာ"
Kingစကားကြောင့် ဇမ်းမျက်လုံးထဲမှာ သူ့လူပုံစံလေးကိုမြင်ယောင်သွားမိ၏။အမြဲတမ်းလိုလိုအေးချမ်းနေတတ်ပေမယ့် ရန်တွေ့သည့်အချိန်တိုင်းလည်း သူများထက်နှစ်ဆစွာတတ်သည့် နူတ်ခမ်းပါးပါးလေးတွေကိုပါတွေးမိတော့ ဇမ်းအသံထွက်ကာ ခပ်လွန့်လွန့်ရယ်မိပြန်သည်။ထိုဘာလေးမှန်းမသိသည့် အသည်းယားစရာသူ့လူဟာ တစ်ချို့ကိစ္စတွေမှာလည်း မထင်ရအောင်တုံးတတ်သေးပြန်၏။
"ဟွန်း!"
"အေးပါ ရယ်နေ မင်း"
"မင်းတို့လို သက်ဆိုင်သူမရှိတဲ့လူက သူများလင်မယားကြားကကိစ္စကိုနားလည်စရာလား....၊နားလည်ချင်ရင် ရည်းစားရအောင်ရှာ"
"အံမာ...၊ပြောစရာမရှိတိုင်းဒါပဲလာခလုတ်တိုက်နေတာ"
"မတိုက်စေချင်ရင်ရှာပေါ့"
YOU ARE READING
You are My Bone