Part - 75 [Uni&Zaw]

13.3K 955 83
                                    

Unicode

ကားဝန်းထဲမှာကားစောင့်ရင်း ထမင်းစားဖြစ်ကြသည်။အိမ်ထောင်စကျကတည်းက ဇမ်းသူ့လူကိုသတိထားမိသည်။အစားအသောက်ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ရုပ်ပျက်ဆင်းပျက်ညီးညူတာမျိုးမရှိ။မကြိုက်ရင် တိတ်တဆိတ်ပဲ ဖယ်ရှားစားသောက်ပြီး ငြူငြူစူစူလည်းမရှိပေ။အိမ်ထောင်သက်တစ်လျှောက်လုံးလည်း လိုအပ်တာဆိုလည်း အပူကပ်တာမျိုး၊ပြောတာမျိုးမရှိဘဲ သူ့ဘာသာအဆင်ပြေအောင်စီမံ၏။ထို့ကြောင့် အိမ်ထောင်မှု့နှင့်ပတ်သတ်၍ ဇမ်းအနေနဲ့စိတ်ဖိစီးရတာမျိုးမရှိခဲ့ပေ။

"ခင်ဗျားအဆင်ပြေရဲ့လား....၊ဘယ်နားမသက်မသာဖြစ်သေးလဲ"

ဇမ်းပြောတော့ ညွှန်းကဇမ်းကိုမျက်လုံးလှန်ကြည့်ကာ ရေကိုတစ်ငုံယူသောက်လိုက်သည်။ပြီးမှဖန်ခွက်ကို စားဖွဲပေါ်ခပ်ဖြေးဖြေးပြန်တင်လိုက်ရင်း....၊

"ငါ့ကိုလူမမာကြီးလိုဆက်ဆံမနေပါနဲ့ဇမ်းရာ....၊နေလေးတစ်ခါမကောင်းရုံကို"

"ကလောမသွားခင်ကလည်းဖြစ်သေးတယ်လေ"

ဇမ်းစကားကြောင့် ညွှန်းကြက်သီးတွေဖျန်းခနဲထသွားရ၏။စလာပြန်ပြီဒီအကြောင်း။

"အဲ့တာနေမကောင်းတာမှမဟုတ်တာ"

ညွှန်းမကြည်သလိုဇမ်းကိုခပ်ဆောင့်ဆောင့်ဆိုသည်။ပြီးနောက် ခုံပေါ်မှာတင်ထားသည့် ကျောပိုးအိတ်နှစ်အိတ်ကို ဝေ့ဝဲကြည့်လိုက်ကာ....၊

"ဒီလောက်နဲ့တကယ်အဆင်ပြေတာလား"

အစက Luggageနဲ့နှစ်ယောက်သားအဝတ်တွေအသုံးအဆောင်တွေစုထည့်ဖို့ပေမယ့် ဇမ်းကကျောပိုးအိတ်နဲ့ပဲသွားမှာမို့ ပေါ့ပေါ့ပါးပါးဖြစ်စေရန် ပစ္စည်းနဲ့အဝတ်အစားကိုအနည်းငယ်သာထည့်ခိုင်းသည်။ခရီးကဘယ်နှစ်ရက်ကြာမည်မသိတာကို အဝတ်အစားအနည်းငယ်နဲ့ ဘယ်လိုစခန်းသွားမည်မသိ။

ညွှန်းပြောတော့ ဇမ်းက ကျောပိုးအိတ်တွေကိုတစ်ချက်ကြည့်ပြီးမှ ညွှန်းကိုပြန်ကြည့်ကာ ခေါင်းတစ်ချက်ညိမ့်သည်။

"အင်း....၊Luggageနဲ့ကျတစ်သီးတစ်သန့်ကြီးလိုဖြစ်ပြီး ဝန်လည်းပိတယ်....၊ဒါနဲ့ဆိုအေးအေးဆေးဆေးပေါ့ပေါ့ပါးပါးရှိတယ်"

You are My BoneWhere stories live. Discover now