Part _ 58 [Uni&Zaw]

17.5K 1.1K 130
                                    

Unicode

"သားနေ"

"ဗျာ...မေမေ"

မိသားစုလေးယောက်စုံနေသည့် စကားဝိုင်းမှာ မေမေက စက်ရှိန်ကိုဦးတည်ခေါ်လာတာကြောင့် စက်ရှိန် ကိုင်ထားသည့် ပန်းသီးစိပ်ကိုမစားသေးဘဲ မေမေ့ကိုကြည့်ရင်းထူးလိုက်သည်။စက်ရှိန်တို့က ပုံမှန်လူစုံရှိကြသည့်ညတိုင်း မိသားစုအစုံနဲ့ စကားလက်စုံပြောကြလေ့ရှိသည်။အရင်က ရိပ်ရိပ်မရှိပေမယ့် တစ်ပတ်မှာ ၄ရက်လောက် ရှိနေတဲ့ သားမိသားဖသုံးယောက်က ညခင်းစကားဝိုင်းကိုအချိန်ပေးကြသည်။ဤအချိန်တွင်လည်း ပြင်ပစီးပွားရေးကိစ္စတွေကိုမေ့ဖျောက်ထားကြကာ မိသားစုကိစ္စ၊သားသမီးရှေ့ရေးကိစ္စများကိုသာတိုင်ပင်ကြလေ့ရှိသည်။အခုလည်းမေမေက စက်ရှိန်ကိုဦးတည်ခေါ်လာပုံက အိမ်ထောင်‌ရေးကလွှဲ၍ တစ်ခြားမဖြစ်နိုင်။

"မေမေ သားကိုဘာပြောချင်လို့လဲ"

မေမေက ခေါ်ပြီးစကားမဆက်ဘဲ လိမ္မော်သီးကိုခွာကာ ဖေဖေ့ကိုပေးတာမို့ စက်ရှိန်က ရိပ်ရိပ်ကိုလှမ်းကြည့်သည်။ရိပ်ရိပ်က မသိဘူးလေဆိုသည့်ပုံစံဖြင့် ပခုံးတွန့်ပြ၏။

"သားနဲ့ သမီးနွယ်တို့ကဘယ်လိုလဲ"

"ဘာကို ဘယ်လိုလဲမေမေရဲ့...၊သားတို့က ရိုးရိုးသားသားပါပဲ"

"ဒါဆို ဆန်းဆန်းပြားပြားအတွက်အဆင့်တက်ဖို့ရောရှိသလား"

မေမေက အသေအချာကြီးမေးတော့ စက်ရှိန်ငြိမ်သွား၏။ဒါကိုပဲ မေမေက

"အိမ်ထောင်ရေးဆိုတာ မေမေတို့အနေနဲ့ ထဲထဲဝင်ဝင်ဆုံးဖြတ်ဖို့မသင့်ဘူးလို့သတ်မှတ်ထားပေမယ်....၊လူဆိုတာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် သား....၊မင်းအသက်က ငယ်လာမှာမဟုတ်ဘူး"

"........."

"စီးပွားရှာတတ်ပြီး အသက်အရွယ်တစ်ခုရှိတဲ့ယောကျ်ားတစ်ယောက်အတွက် စီးတဲ့ရေဆည်တဲ့ကန်သင်း ထိန်းသိမ်းတဲ့အိမ်ထောင်ဖက်တစ်ယောက်ကတော့လိုမှာပဲ....၊မေမေပြောတာ နွယ်မှမဟုတ်ဘူး....၊တော်ပြီးအရည်အချင်းရှိတဲ့ ဘယ်မိန်းမ မဆို သားကလည်းချစ်နေရင် မေမေတို့ကလက်ခံမှာပဲ"

You are My BoneWhere stories live. Discover now