🏍️For Readers🏍️

15.5K 811 83
                                    

Unicode

Hello!
သဲငယ်လေးတို့ရေ ကိုယ်ပြောချင်တာလေးရှိလို့ပါ🤗

အခုဇမ်းတို့က သဲငယ်တို့သိတဲ့အတိုင်း Part-15အထိရောက်သွားပြီပေါ့နော်။ဟိုနေ့က တစ်ချို့သဲငယ်လေးတွေက ဇမ်းလေးတို့က ဘယ်အထိရေးဖြစ်မလဲ၊တစ်ဝက်ကျိုးပြီးလားလို့ ခနခနမေးထားတာလေးတွေလည်းရှိနေတော့ တစ်ခါထဲ ဒီမှာပြောချင်‌လို့ပါ။ပြီးတော့ သဲငယ်တို့ အမြင်လေးတွေလည်းမေးကြည့်ချင်လို့ပါ။ 

အမှန်အတိုင်းပြောရရင် ဇမ်းတို့ကအခုမှ Intro ဝင်တဲ့အပိုင်းလောက်ပဲရှိပါသေးတယ်။ဇာတ်လမ်းချိုးဖို့မပြောနဲ့ စတောင်မစရသေးတာမျိုးပေါ့။အဓိက ဇာတ်ဝင်ခန်းတွေကနောက်အပိုင်းတွေကနေမှစလာမှာပါ။ပြီးတော့ Intro မှာပြောခဲ့သလို ဇမ်းတို့ကအရမ်းရိုးရှင်းနေတာမျိုးမဟုတ်တော့ ဇာတ်လမ်းကထင်တာထပ်ပိုရှည်သွားမဲ့ပုံပါပဲ။ကိုယ်အရင်  Fic‌ရေးတုန်းက အလယ်ကဖောက်ရေး အဆုံးသတ်‌ရေးပြီးမှ အရှေ့ကိုပြန်ရေးဆိုတာတောင် ရေးလို့ရပြီးအဆင်တော်တော်ပြေခဲ့တာ ဇမ်းတို့က ဇာတ်ကွက်တွေပုံဖော်ထားတာတောင် ကျော်ရေးမရဖြစ်နေတာ။နောက်ပြီး ဇမ်းတို့ကို စိတ်‌ရှိသလောက်ရေးသွားဖို့အစီအစဥ်ရှိတာမို့ အပိုင်းကသေချာပြောလို့မရသေးပါဘူးပေါ့နော်။

ပြီးတော့ ဖန်နေစက်ရှိန်နဲ့နှိုင်းရတုဆစ်တို့ကလည်း ဒီFicမှာသူ့နေရာနဲ့သူ အရေးပါတဲ့သူတွေမို့  ကိုယ့်အနေနဲ့အလှည့်ကျသွားပြီး ဇာတ်လမ်းကိုအဆင်ပြေအောင် အထိန်းအကွတ်လုပ်‌ပေးထားတာမျိုးပါ။အဲ့တာကြောင့် တုတုလေးတို့ကိုလည်းချစ်ပေးကြပါအုန်းပေါ့🙆‍♀️❤

နောက်တစ်ခုကတော့ ကိုယ့်အရေးအသားနဲ့ပတ်သတ်ပြီးတော့ပါ။အရမ်းဇာတ်ဆွဲပြီး ပျင်းဖို့ကောင်းနေတာလို့ ကိုယ်ဘာသာသံသယဝင်မိတာပါ။ကိုယ်က စိတ်ပါပြီဆိုလက်ကတောက်လျှောက် ရေးသွားတဲ့လူဆိုတော့ ကိုယ့်ဘာသာအရှိန်မထိန်းနိုင်ဖြစ်နေတာ။ရေးရင်းရှည်သွားတော့ဖျက်ချပြီး အပိုင်းခွဲပစ်ရတာမျိုးတွေရောပဲ။အဲ့တော့ ဖတ်နေတဲ့သဲငယ်တို့ စိတ်ထဲ ဇာတ်အိမ်ကဆွဲသလိုဖြစ်ပြီးပျင်းဖို့ကောင်းနေသလားဟင်။

‌ပြောချင်တာကတော့ အဲ့တာလေးပါပဲ။အားလုံးပဲ Merry Christmas ပါရှင်။Part-16 ကိုတော့ မနက်ဖြန်စောစောလေး Up ပေးမယ်နော်🙆‍♀️❤

__________________

Zawgyi

Hello!






You are My BoneWhere stories live. Discover now