Part - 79 [Uni&Zaw]

8.9K 597 75
                                    

Unicode

"လူလေးတို့က ဧည့်သည်တွေဆိုတော့ ဒီမှာသာအိပ်လိုက်ကြပေါ့ကွာ....၊ကုတင်ကတော့ နည်းနည်းကြပ်နေမယ်ထင်တယ်"

ခပ်စွေစွေထက်ခြမ်း ခြမ်းခံထားရပုံရသည့် သစ်သားအနှစ်တုံးကုတင်ကြီးက လူနှစ်ယောက်အိပ်လျှင်တော့အနည်းငယ်ကြပ်နေနိုင်သည်။

"ကုတင်က နဂိုထဲက ဒီအတိုင်းပဲလားဟင် ဦးလေး"

ညွှန်းမေးလိုက်တော့ ဦးဆလိုင်းကခပ်ဖွဖွပြုံးကာ ကုတင်ကို လက်နဲ့ခပ်ဖွဖွတို့ထိ၏။ပြီးနောက် အခန်းပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီပတ်ကြည့်ရင်းသက်ပြင်းပါးပါးချသည်။

"ဦးလေးတို့ရွာမှာ ဓလေ့တစ်ခုရှိတယ်....၊အိမ်တစ်အိမ်ရဲ့မိဘနှစ်ပါးအတွက် ကျွန်းပင်ကိုအလယ်ကနေဖြတ် ထက်ခမ်းခွဲပြီးကုတင်လုပ်ကြတယ်....၊အကယ်၍များ လင်မယားနှစ်ယောက်ထဲက တစ်စုံတစ်ယောက် လောကကြီးမှာမရှိတော့ဘူးဆို သူတို့အတွက် လုပ်ပေးထားတဲ့ကုတင်ကိုလည်း အလယ်ကနေ ထက်ခြမ်းခွဲလိုက်ရတယ်....၊တကယ်လို့ ဧည့်သည်ဆောင်သည် တွေလာရင်တောင် အိမ်ရဲ့ကုတင်အခြေအနေကိုကြည့်ပြီး မိသားစုရဲ့ မိဘနှစ်ပါးအခြေအနေကိုသိနိုင်‌တာပေါ့"

ဆိုလိုသည်က ဒီကုတင်တစ်ခြမ်းခံထားရခြင်းသည် လင်မယားထဲမှ တစ်စုံတစ်ယောက်ကွယ်လွန်သွားခြင်းပေါ့။ထိုတစ်စုံတစ်ယောက်သည် ဦးဆလိုင်း၏ အမျိုးသမီးများဖြစ်နေမလား။

"အရင်ကတော့ ဒါက ဦးလေးနဲ့ဦးလေးဇနီးရဲ့ ကုတင်ပေါ့....၊ကျန်ခဲ့တဲ့နှစ်မှာ သူလည်းဆုံးသွားတယ်လေ"

ပြောနေရင်း ဦးဆလိုင်းရဲ့မျက်ဝန်းတို့က တစ်စုံတစ်ယောက်တမ်းတနေသလို မှိုင်းညှို့သွား၏။

"ကဲပါ...၊လူလေးတို့လည်း အိပ်ချင်ရောပေါ့....၊ကုတင်ကခြမ်းထားတာပေမယ့် မဆိုသလောက်ကလေးတော့ကျယ်ပါသေးတယ်.....၊သည်းခံပြီးတော့ ကြပ်ကြပ်တည်းတည်းလေး အိပ်ပေးပါအုန်းကွာ"

"ဟုတ်ကဲ့ ရပါတယ် ဦးလေး....၊အခုလို ကူညီပေးတာကိုပဲကျေးဇူးအများကြီးတင်နေပါပြီ"

ညွှန်းက လှိုက်လှိုက်လှဲလှဲပြုံးရင်းပြောတော့ ဇမ်းကပါ ပြုံးရင်းခေါင်းငြိမ့်သည်။ပြီးမှ.....၊

You are My BoneWhere stories live. Discover now