Part - 60[Uni&Zaw]

16.5K 1K 107
                                    

Unicode

"ညွှန်းက အမျိုးသားရှိတယ်ဆို"

"ခင်ဗျာ!"

အခုမှစတွေ့ဖူးတဲ့လူဆီကနေ ရင်းရင်းနှီးနှီးအခေါ်ခံလိုက်ရတာသည့်အပြင် မေးသည့်မေးခွန်းက ဘောင်ကျော်နေတာကြောင့် ညွှန်းမသိမသာမျက်ဝန်းတွေကျဥ်းမြောင်းသွားရ၏။

"ဒါက အလုပ်ကိစ္စနဲ့မသက်ဆိုင်သလိုပဲ"

ညွှန်းအသံကညင်သာတယ်ထင်ရပေမယ့် ပျော့ပျောင်းနူးညံ့နေတာတော့မဟုတ်ပေ။ညွှန်းစကားကြောင့် ရှေ့ကလူက ခြောက်ကပ်ကပ်ရယ်သံတစ်ခုကိုအသက်သွင်းရင်း ညွှန်းဘေးကို အနည်းငယ်ရွေ့လာသည်။ထိုအခါ ညွှန်းမျက်ခုံးတွေတွန့်ချိုးသွားကာ မျက်ဝန်းတွေပါ ကျဥ်းမြောင်းသွား၏။

"ယောကျာ်းလေးချင်းလိင်စိတ်တိမ်းညွှန့်တာက သာမန်မဟုတ်ပေမယ့် လက်မခံနိုင်တဲ့ကိစ္စမျိုးလဲမှမဟုတ်တာညွှန်းရဲ့...၊အဲ့လိုဆိုမှတော့...."

အပြောနဲ့အတူ ညွှန်းဘေးကိုအတင်းပိုတိုးကပ်ကာ ညွှန်းလက်ကို အုပ်ကိုင်တော့မလို ပြင်လိုက်တာကြောင့် ညွှန်းစားပွဲပေါ်ကလက်ကိုရုတ်ကာ လူကပါ အနောက်ကို ရွေ့ပစ်လိုက်ရင်း.....၊

"ကျေးဇူးပြုပြီး အပြုအမူကိုထိန်းပေးပါ ဦးကိုကိုသက်"

"ညွှန်း..."

"ညွှန်းစာစီဖွဲ့လိုပဲခေါ်ပေးပါ....၊ကျွန်တော်တို့က နာမည်အရင်းအဖျား စွတ်ခေါ်ရလောက်တဲ့ရင်းနှီးမှု့မျိုးလည်း မဟုတ်ပါဘူး....၊ပြီးတော့...."

ညွှန်းပြောလက်စ စကားကိုခဏရပ်လိုက်ပြီး မျက်ဝန်းတွေကိုခပ်ဖွဖွမှိတ်လိုက်ရင်း ဝင်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ရသည်။

"စာချုပ်ကိုဖျက်သိမ်းလိုက်ကြောင်းနဲ့အတူ ဦးကိုသက်ကိုကို လုပ်ငန်းတွေဆုံးရှုံးသွားခဲ့ရတဲ့အတွက် နစ်နာကြေးပြန်ပေးဖို့ပါ"

"ဒါဆိုကိုယ့်ရဲ့ဆုံးရှုံးသွားခဲ့တဲ့အချိန်အတွက် နစ်နာကြေးကရော"

You are My BoneWhere stories live. Discover now