Part-30[Uni&Zaw]

29.8K 1.9K 171
                                    

ဇမ်းဝတ်တဲ့ထားတဲ့ အဝတ်အစားပုံစံ(ဇမ္းဝတ္တဲ့ထားတဲ့ အဝတ္အစားပံုစံ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဇမ်းဝတ်တဲ့ထားတဲ့ အဝတ်အစားပုံစံ
(ဇမ္းဝတ္တဲ့ထားတဲ့ အဝတ္အစားပံုစံ)

ဇမ်းဝတ်တဲ့ထားတဲ့ အဝတ်အစားပုံစံ(ဇမ္းဝတ္တဲ့ထားတဲ့ အဝတ္အစားပံုစံ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Treasurer Luxury Black Cigarettes ($67)

____________________

Unicode

လှေကားပေါ်ကနေပြေးဆင်းလာပေမယ့် ခြေထောက်တွေကကြမ်းပြင်နဲ့ထိနေတယ်လို့ပင်မထင်။ခြံရှေ့မှာ လက်ဆောင်တွေပိုက်ပြီးစောင့်နေမဲ့ဦးစက်ပုံရိပ်ကိုမြင်မိတော့ တုတု‌ရင်တွေတစ်လှပ်လှပ်ခုန်လာရ၏။ဒီနေ့သင်တန်းပိတ်ရက်မို့တုတုမေ့မေ့လျော့လျော့နဲ့အိပ်ပျော်နေမိတာ ဖုန်းဝင်လာတဲ့အထိ ဘယ်သူဆိုတာမကြည့်ဘဲ အိပ်ချင်မူးထူးနဲ့ပြန်ဖြေနေတုန်း။

"ကိုယ် ချာတိတ်ခြံရှေ့မှာ လက်ဆောင်လာပေးတာ"

ဆိုတဲ့ ဦးစက်အသံက တုတုကိုနိုးစက်မလိုဘဲ သတိပေးခေါင်းတွေမြည်ဟီးသွားသလို နှလုံးသားအစုံကိုခုန်ပေါက်မြူးရွင်စေ၏။အခုလည်း လှေကားတွေပေါ်ကနေခပ်မြန်မြန်ပြေးဆင်းနေတာတောင် နှေးတယ်လို့ထင်နေမိသည်။တကယ်ဆို ဦးစက်အသံကြားပြီးကတည်းက အခန်းပြတင်းပေါက်ကနေငှက်တစ်ကောင်လို ဝှီးခနဲခုန်ချသွားချင်တာဖြစ်သည်။ခက်တာက သူ့မှာအတောင်ပံ‌တွေမပါခဲ့။

အိမ်ပြင်ကိုထွက်လိုက်တော့ လက်ထဲမှာအထုတ်လေးတစ်ချို့ကိုင်ကာ ကားကိုမှီရင်း ရပ်စောင့်နေတဲ့ ဦးစက်ကိုတွေ့ရလေသည်။တုတုခြေလှမ်းတွေဟာ သခင်ကိုကြိုဖို့သိတတ်လွန်းနေတဲ့ကြောင်ပေါက်လေးပမာခြံရှေ့ကိုတစ်လွှားလွှားနဲ့ ရောက်ရှိသွားသည်အထိ။တဖြည်းဖြည်း နီးကပ်တဲ့အကွာအဝေးကိုရောက်လာလေ ဦးစက်ရဲ့ ချောမောခန့်ညားတဲ့မျက်နှာကိုပိုပြီးထင်းရှားစွာမြင်လာရလေ။မတွေ့ရတဲ့ရက်တွေအတွင်းမှာ ဦးစက်ကပိုချောလာလိုက်တာ။မျက်နှာအသွင်အပြင်ကကြည်ရှင်းကာ တုတုအတွက်တော့ယောကျ်ားဆန်မှု့နဲ့အားကိုးချင်စရာအတိ။ပြီးတော့ လေအသင့်မှာပျံလွင့်လာတဲ့ နွေးထွေးပြီးယောကျ်ားဆန်တဲ့အမွေးနံ့လေး။

You are My BoneWhere stories live. Discover now