Pat - 67 [Uni&Zaw]

17.3K 1.1K 124
                                    

Unicode

"ဒါ မစားချင်ဘူး"

ပေါင်မုန့်ကင်ပန်းကန်နဲ့နွားနို့ဖန်ခွက်ကို ဇမ်းဆီပြန်တွန်းပေးရင်းဆိုသည်။အရင်က အိမ်မှာလူမနေတာမို့ ဘာစားသောက်ပစ္စည်းသိပ်မထားပေ။ထို့ကြောင့် အခုရုတ်တရပ်ကြီးရောက်ချလာတာမို့ အိမ်မှာက ပေါင်မုန့်နဲ့နွားနို့သာရှိ၏။အချိန်က အပြင်ထွက်ဝယ်ရင်တောင် ဘာမှရှိမှာမဟုတ်ပေ။ထို့ကြောင့်ရှိနေတာ ပြင်ပေးလိုက်တော့ ဗိုက်ဆာသည်လို့အော်တဲ့လူက နူတ်ခမ်းဆူကာ ငြင်းပြန်သည်။

"လောလောဆယ် ဒါပဲရှိတာ"

ဇမ်းစကားဆုံးတော့ ညွှန်းကာ ထမင်းစားခန်းကို မျက်ဝန်းတွေဝေ့ဝဲကြည့်လိုက်ကာ မျက်နှာလေးကိုသိသိသာသာမဲ့သည်။ဒီလောက်ခမ်းနားတဲ့အိမ်မှာ နွားနို့နဲ့ပေါင်မုန့်ပဲရှိတာတဲ့။

"ငါမှ မစားချင်တာ"

"အဲ့ဆိုဘာစားချင်တာလဲ....၊ကျုပ်ကိုပဲစားမလား"

"ဇမ်း!ငါအကောင်းပြောနေတာ"

"ကျုပ်ကရော နောက်ပြောနေလို့လား"

"မင်းနဲ့စကားမပြောဘူး"

ဗိုက်ကဆာရတဲ့အထဲ အစခံနေရတာကြောင့် ညွှန်းတကယ်စိတ်တိုလာခြင်းပါ။

"ဘာစားချင်လို့လဲ ကျုပ်ကိုပြော"

"........."

"ဦးညွှန်းစာစီဖွဲ့!"

"ဘာလဲ!"

ဇမ်းကအသံမာတော့ ညွှန်းကလည်းခပ်ဆတ်ဆတ်ပြန်ထူးသည်။မျက်ဝန်းလေးတွေကသာမန်ထက်ပိုကာ ဝိုင်းတောက်နေတာမို့ သူ့လူစိတ်ဆိုးနေတာမှန်းဇမ်းသိသည်။တစ်ခါတစ်လေ ဘယ်သူကအကြီး ဘယ်သူကအငယ်မှန်းပြန်မေးရမလို။ဇမ်း‌ကိုယ့်အတွေးနဲ့ကိုယ် နူတ်ခမ်းတို့ကပြုံးယောင်သန်းလာ၏။

"ပြော....ဘာစားချင်တာလဲ....၊ကျုပ်လုပ်ပေးမယ်"

"ကြက်ကြော်"

"အင်း"

"ခေါက်ဆွဲပြုတ်...."

"အင်း..."

"စပ်စပ်"

"ဟင်!"

"ခေါက်ဆွဲပြုတ်စပ်စပ်လေးလို့!"

You are My BoneWhere stories live. Discover now