Part_41[Uni&Zaw]

25.7K 2.3K 287
                                    

Unicode

"အမင်း!"

"အင်း"

"မင်းဘာလို့ အပြာရောင်ကိုကြိုက်တာလဲ"

"မင်းလည်း အပြာရောင်ကြိုက်တာပဲမဟုတ်ဘူးလား"

ဇမ်းက ပြန်မကြည့်ဘဲဖြေတော့ ရှင်းစိတ်မရှည်စွာ ဇမ်းကို ပခုံးနဲ့တိုက်လိုက်ရင်း....၊

"ငါ့ကိုပြန်မမေးပါနဲ့ ငါမေးတာဖြေစမ်းပါ"

"ကြိုက်ပါတယ်ဆိုမှ ကြိုက်လို့ပေါ့ အကြောင်းပြချက်လိုသေးလို့လား"

"လိုတာပေါ့ ပြော ဘာလို့ကြိုက်တာလဲ"

"ဒီတိုင်းပဲ အပြာရောင်တွေကိုမြင်လိုက်တာနဲ့ မျက်စိအေးတယ်ခံစားရလို့....၊မင်းကရော"

ဇမ်းက ရှင်းဘက်ကိုလှည့်ကြည့်ကာမေးဆတ်မေးလိုက်တော့ ရှင်းက မျက်မှန်လေးကိုလက်ညိုးနဲ့ပင့်တင်သည်။ပြီးမှ ပါးချိုင့်လေးတွေပေါ်လာအောင် သဘောတကျလေးပြုံးလိုက်ရင်း....၊

"အပြာရောင်တွေက ငြိမ်အေးတယ်၊တည်ငြိမ်တယ်၊ဒီတိုင်း အပြာရောင်လေးဖြစ်နေတာကိုက ငါ့အတွက်သဘောကျဖို့တစ်ခုတည်းသောအကြောင်းအရာလေးလိုမျိုး"

"ဟွန်း!"

"အံမာ မင်းကဘာရယ်တာလဲ"

"အရမ်းတွေနူးညံ့ပြနေလို့လေ"

"သေချာတာပေါက် ငါကမင်းလို ကြမ်းရမ်းနေတဲ့လူကြမ်းကြီးမှမဟုတ်တာ"

"ငါအဲ့လိုလူကြမ်းလုပ်နေလို့လည်း မင်းငါ့အကာအကွယ်အောက်မှာရှိနေရတာမဟုတ်ဘူးလား....၊စော်ကားပြန်ပြီ"

"မစော်လည်းမစော်ရဲပါဘူး မကားလည်းမကားရဲပါဘူး...၊ဆရာသခင်ကြီးရဲ့ကျေးဇူးတရားတွေကို ဒီကအမိုက်အမဲလေးကသိပြီမို့ ကိုးပစ်ရှိလည်းကျေပါ ဆယ်ပစ်ရှိလည်းကျေပါ....မပါစပါ ဆရာသခင်ကြီးဗျာ"

"ဖေဖေကြီးလို့ခေါ်ရင်စဥ်းစားပေးမယ်"

"ဒီ လဒကတော့လား"

"ဟား.....ဟား.....ဟား....."

ခေါင်းငုံ့ကာအရိုအသေပေးသလိုလုပ်နေသည့်ရှင်းကို ကလေးတွေကိုခေါင်းပုတ်သလိုပုတ်ရင်း ဇမ်းကစလိုက်တာမို့ ရှင်းစိတ်ဆိုးကာ အနောက်ကနေပြေးလိုက်တော့သည်။ငုဝါပန်းတွေဝါဝါထိန်ထိန်ပွင့်နေတဲ့ ငုဝါပင်တန်းတစ်လျှောက်ရဲ့လမ်းမလေးမှာ ငုဝါပွင့်ဖတ်လေးတွေလှလှပပ ဖြန့်ခင်းနေကာ ကောင်လေးနှစ်ယောက်ရဲ့ရယ်သံလွင်လွင်လေးက လေအဝှေ့မှာ ငုဝါပန်းရနံ့တို့နဲ့အတူပျံ့လွင့်နေခဲ့လျက်.....။

You are My BoneWhere stories live. Discover now