Unicode
"အခုအခြေအနေဘယ်လိုလဲ"
သြဇာပြည့်နေတဲ့အသံသြရှရှက မှောင်တဲ့အခန်းအတွင်းမှာခပ်တိုးတိုးနဲ့ပျံ့လွင့်နေ၏။ဘေးခွဲပြီးအပြောင်သိမ်းထားတာကြောင့် မဟာနဖူးပြင်ပြေပြေအောက်က နက်မှောင်နေတဲ့မျက်ခုံးတန်းတွေက အနည်းငယ်တွန့်ချိုးနေသယောင်ရှိနေပြန်သည်။ရှည်လျားကော့ညွှတ်နေသည့်မျက်တောင်တွေနဲ့မျက်လုံးနက်နက်တွေက မိန်းကလေးတစ်ယောက်ထက်တောင်ပိုလှနေတာ ငြင်းဆိုဖွယ်မရှိသည့်အမှန်တရားတစ်ခု။ဒါပေမယ့်ထိုမျက်ဝန်းတွေမှာ ရက်စက်မှု့နဲ့အေးစက်ခြင်းတွေကပြည့်နက်နေပြန်သည်။
ဒါ့အပြင် နှာတံထင်ထင်းလေးနဲ့နှာထိပ်လုံးလုံးလေးက ချစ်စဖွယ်ဖြစ်နေသေးသည်။သို့ပေမယ့် ပါးလျှပ်လျှပ်နူတ်ခမ်းတစ်စုံက ငွေဖြူရောင်အခိုးအငွေ့တွေမှုတ်ထုတ်လိုက်တိုင်း အေးစက်စက်ဖြစ်နေတဲ့အမူအရာကတော့ကျောချမ်းဖွယ်ရာ။အစိတ်အပိုင်းတစ်ခုခြင်းဆီကို ဆွဲထုတ်ပုံဖော်လိုက်ရင် ချစ်စဖွယ်ဖြစ်နေပေမယ့် အကုန်လုံးကိုစုပေါင်းပြီး စုတ်ချက်အပြည့်နဲ့ပန်းချီကားတစ်ခုဖြစ်စေလိုက်ရင် ထိုလူဟာ ကြောက်မက်ဖွယ်ရာနတ်ဆိုးတစ်ပါးပင်။
"အခု ဒေးဗစ်ရန်ကုန်ရောက်ပါပြီ Boss...၊Target ကိုတော့အခုထိသူမတွေ့ရသေးပါဘူး...၊မတွေ့ရသေးတာထက် Bossအမိန့်မရသေးလို့ ကျွန်တော်စောင့်နေတာပါ"
တစ်ဖက်ကဖြေတဲ့အသံကိုကြားတော့ သူနူတ်ခမ်းတွေတင်းတင်းစေ့လိုက်ရင်း လက်ထဲကစီးကရက်ကိုလှည့်ပတ်ကြည့်လိုက်ရင်း...၊
"ကောင်းတယ်...၊လောလောဆယ် သူ့ကိုဒီတိုင်းပဲခနထားလိုက်...၊ငါ့အမိန့်မပါဘဲ ခြေတစ်ချောင်း လက်တစ်ချောင်းတောင်မလှုပ်စေနဲ့"
"ဟုတ်ကဲ့ပါ Boss...၊တကယ်လို့ Boss သူ့ကိုလူကိုယ်တိုင်ညွှန့်ကြားချင်ရင်လဲ...."
"အခုအဲ့စကားပြောတဲ့ မင်းပါးစပ်နဲ့ပါးကို တစ်ချက်စီရိုက်လိုက်!"
သူ့ရဲ့အမိန့်ဆုံးတာနဲ့ တစ်ဖက်ကလူရဲ့စကားသံကတိတ်သွားပြီး အသားခြင်းခပ်ပြင်းပြင်းထိခတ်သံနှစ်ချက်ကိုကြားလိုက်ရကာ
YOU ARE READING
You are My Bone