Unicode
"ဇမ်း ငါတွေးထားတာလေသိလား"
"အင်း"
အခန်းထဲမှာ မီးအိမ်ကထွက်လာတဲ့ပြာလဲ့လဲ့မီးရောင်လေးက ပတ်ဝန်းကျင်ရဲ့အနီးအနားပတ်လည်မှာ ဖြာကျနေပြီး ထွက်ပေါ်လာတဲ့အသံမှလွဲ၍ တိတ်ဆိတ်နေ၏။နှစ်ယောက်သားတစ်အိပ်ယာထဲအိပ်ပြီး ကျောခိုင်းထားပေမယ့် စကားသံတို့ကတော့နွေးထွေးနေသည်။
"ငါအခုဘာကိုဝါသနာပါလဲဆိုတာ သေသေချာချာသိသွားပြီ...၊ငါအဲ့အရာလေးကိုတစ်စိုက်မတ်မတ်လုပ်ချင်တယ်"
"ကျုပ်ဆီကခွင့်ပြုချက်လိုတာလား"
"အဲ့လိုမဟုတ်ပေမယ့်...၊မင်း ကန့်ကွက်မယ်ဆိုရင်..."
ညွှန်းစကားတောင်မဆုံးသေး ဘေးကဇမ်းရဲ့လှုပ်လှုပ်ရှားရှားအသံတွေကြောင့် ညွှန်းပခုံးလေးကျော်ပြီးကြည့်မိတော့ ဇမ်းက အနောက်မှာခေါင်းအုံးဆင့်ပြီး မှီထိုင်နေပြီဖြစ်သည်။ထို့ကြောင့် ညွှန်းလည်း လှဲနေရာကနေထထိုင်လိုက်ကာ ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးခံပြီး မှီလိုက်၏။
ဇမ်း ညွှန်းလှုပ်ရှားသမျှကို တစ်စိုက်မတ်မတ်အကြည့်ပို့ထားပြီး ညွှန်းနေရာတကျဖြစ်ပြီဆိုမှ....၊
"ခင်ဗျားအခုအတွေးထဲဘာလုပ်ဖို့စဥ်းစားထားလဲ ပြောကြည့်"
ဇမ်းမေးတော့ညွှန်းက ခါးနားအထိဆွဲထားတဲ့စောင်စလေးကို ဖိချေရင်း....၊
"အခုငါ ပုံဆွဲဖို့အတွက်ပြန်လေ့လာနေပြီ...၊အချိန်တစ်ခုရောက်လို့ ငါအဆင်သင့်ဖြစ်သွားရင် ငါ့ရဲ့ကိုယ်ပိုင်Website တစ်ခုလုပ်ချင်တယ်...၊ပြီးရင် ငါရဲ့ဖန်တီးမှု့တွေကိုစပြီးအသက်သွင်းချင်တယ်...၊စီးပွားရေးတစ်ခုလို့ပြောလို့မရပေမယ့် ဝါသနာကိုအခြေခံထားတဲ့အလုပ်မို့လို့ ငါပျော်မယ်လို့ထင်တယ်...၊ဒါပေမယ့် တကယ်လို့မင်းဘက်ကနေလက်မခံနိုင်ဘူးဆိုရင်လဲ..."
"ဒီမှာ ဦးညွှန်းစာစီဖွဲ့!"
တစ်ခါမှမခေါ်ဘူးတဲ့နာမ်စားကိုခေါ်ပြီး ညွှန်းအားရှုတည်တည်ကြီးကြည့်လာသည့် ဇမ်းကြောင့် ညွှန်းရင်ထဲလှိုက်ခနဲဖြစ်သွားရ၏။
YOU ARE READING
You are My Bone