Part_43[Uni&Zaw]

26.3K 2.1K 318
                                    

Unicode

"ဒီရက်ပိုင်းအတွင်း ရှင်းကိုခေါ်ထားပေးလို့ကျေးဇူးပါနော် အကို့ကိုရော၊အကိုဇမ်းကိုရော"

ရှင်းအမက ဒီနေ့ပြန်မှာမို့ ရှင်းလည်းအခန်းပြန်လို့ရပြီဖြစ်သည်။ထို့ကြောင့် ရှင်းကအခန်းပြန်ခါနီး ညွှန်းတို့ကိုနူတ်ဆတ်နေခြင်းပင်။ရယ်မှမဟုတ်ဘဲ စကားပြောလိုက်ရင်တောင် ပါးချိုင့်လေးပေါ်ပေါ်လာပုံက အတော်ပင်ချစ်ဖို့ကောင်းပြီး ခပ်အုပ်အုပ်ဆံပင်လေးနဲ့ ရှင်းရဲ့ပုံစံကြောင့် ချစ်စရာကောင်းတဲ့ကလေးလိုဖြစ်နေ၏။

"ရပါတယ်...၊အခုကိုယ့်နေရာကိုယ်ပြန်သွားရတော့မှာဆိုတော့ စိတ်မကျဥ်းကျပ်တော့ဘူးပေါ့"

"စိတ်ကျဥ်းကျပ်တယ်လည်းမဟုတ်ပါဘူး...၊အကိုတို့နဲ့အတူနေရတာပျော်စရာကောင်းပါတယ်"

"ဟုတ်ပါပြီ...၊နောက်ပျင်းရင် အကို့ဆီလာပေါ့"

"ဟုတ်"

"ကဲ ဒါဆို သွားသွား...၊အမစောင့်နေတယ်မလား"

"ဟုတ်...၊ဒါဆိုကျွန်တော်သွားပြီနော်အကို၊အကိုဇမ်းကိုလည်းကျေးဇူးတင်ကြောင်းပြောပေးပါနော်"

"ဟုတ်ပြီ၊အကိုပြောလိုက်မယ်နော်...၊သွား သွား"

ညွှန်းပြောလိုက်တော့ရှင်းလေးက ပြုံးပြရင်း ခေါင်းငြိမ့်သည်။ညွှန်းလည်းအခုမှစိတ်ထဲပေါ့ကာပျော်သွားရ၏။ဇမ်းကတော့ ထွက်လိုက်မလာဘဲ အခန်းထဲနေခဲ့တာမို့ ညွှန်းတစ်ယောက်ထဲပဲထွက်နူတ်ဆက်လိုက်ရတာပင်။သို့ပေမယ့် ဒီတစ်ခါတော့ ဇမ်းအစားအားနာခြင်းဖြစ်တာမျိုးမရှိတော့။ကြည့်ရတာ ပေါင်းတာကြာလို့အကျင့်တွေကူးလာသလားပဲ။သို့ပေမယ့် ထွေထွေထူးထူး ဘာမှတွေးမနေတော့ဘဲ အခန်းထဲ ပြန်ဝင်လိုက်၏။

အကိုအခန်းထဲပြန်ဝင်သွား‌ပြီးနောက် ခဏနေတာနဲ့ ရှင်းကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်လာလိုက်သည်။ရှင်းအခန်းထဲရောက်တာနဲ့ ဧည့်ခန်းက ဆိုဖာမှာထိုင်နေသည့် မမိုးက ထလာကာ သော့ကိုရှင်းဆီပစ်‌ပေးသည်။

"ငါစောစောပြန်သွားရလို့ နင်ကတော့ပျော်နေမှာပေါ့"

"အဲ့လိုမဟုတ်ပါဘူးမမမိုး"

You are My BoneWhere stories live. Discover now