Unicode
နေကခပ်အေးအေးမို့ ညနေလေးကပါခပ်ငြိမ့်ငြိမ့်။မြက်ပင်တွေနဲ့တစ်တိုင်နဲ့တစ်တိုင် အလှမ်းကွာဝေးသည့်ဓာတ်တိုင်တွေမှလွှဲ၍ကြီးမားအုပ်ဆိုင်းသည့်အပင်ကြီးတွေဆိုတာဟာ လယ်ကွင်းကြီးရဲ့အလွန်တစ်ဖက်တစ်ချပ်မှာသာ။
"မင်းနဲ့သူနဲ့ကိုဖူးစာစုံစေခဲ့တဲ့နေရာပေါ့"
"မထင်မှတ်ပဲဖြစ်သွားတာပါ"
"မရည်ရွယ်ခဲ့တာတွေက အခုအချိန်မှာရင်ခုန်ခြင်းတွေကိုအစပြုနေပြီလို့ ငါကစွပ်စွဲရင်း မင်းငြင်းမှာလားဇမ်း"
Lunaက သူ့ကိုပဲအကဲခတ်သလိုကြည့်ရင်းမေးတော့ ဇမ်းက ဘောင်းဘီအိတ်ထဲကိုလက်ထည့်ကာ ခပ်မတ်မတ်ရပ်ရင်း ဖိနပ်ဦးနှင့် မြက်ပင်တို့ကိုအကြောင်းမဲ့ဆော့ကစားသည်။ပြီးတော့ ခေါင်းမော့လိုက်ကာ ဘာကိုမှဂရုမစိုက်သလိုမျက်နှာဘေးက သူ့အတွက်အထာကျနေခဲ့လျက်။
"ရင်ခုန်သံတွေကို စည်းချက်ညီမညီ တိုင်းတာချိန်ညှိဖို့ငါ့မှာအချိန်မရှိဘူး Luna....အခုအချိန်မှာ ငါလက်ခံထားတာ သူကငါ့အိမ်ထောင်ဖက်"
"ဖြစ်နိုင်၏၊မဖြစ်နိုင်၏ကို ခွဲခြမ်းစိတ်ဖြာနေတာမဟုတ်ဘဲ ငါကမင်းရင်ဘတ်ထဲကိုတိုက်ရိုက်ချိန်းထိုးကြည့်နေတာ ဇမ်း.....မင်းသူ့အပေါ်မှာ....."
"အချစ်ကဂျိုနဲ့လားတို့ အစွယ်ပါလားတို့ကို ငါကစစ်ဆေးနေတာမှမဟုတ်တာ...၊ဖြစ်လာတဲ့အခြေအနေအကြောင်း,ကြောင်းတွေမှာ အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ တည်ရှိမနေချင်တာက ပထမ...."
ဇမ်းက ယတိပြတ်ပြောတော့ Lunaက ခေါင်းခါရင်း ခပ်လှမ်းလှမ်းကိုလျှောက်သွား၏။ညင်းသွဲ့သွဲတိုက်ခတ်လာတဲ့ညနေလေညင်းကဇမ်းရင်ကိုမအေးချမ်းစေနိုင်။ဒါဆိုသူရင်ထဲမှာပူလောင်နေတာလား။ဘယ်သူကြောင့်လဲ၊ဘာကြောင့်လဲဆိုသည့်မေးခွန်းတွေနောက်မှာ မက်မွန်သီးဖျော့ရောင်နူတ်ခမ်းပါးနဲ့သူ့လူရဲ့ချစ်စဖွယ်မျက်နှာလေးကပေါ်လာခဲ့ကာ တစ်ဆက်ထဲမှာပဲ အချစ်ဆိုတဲ့အရာသည်ကား.....။
"ဖောက်ပြန်တတ်တဲ့ သဘောတရားတွေမှာ အမြန်ဆန်ဆုံးက ရာသီဥတုနဲ့လူစိတ်တဲ့.... ၊အဲ့လူစိတ်မှာမှ အချစ်ဆိုတာရောယှက်လာရင် မြင်သမျှကပန်းရောင်လွင်ပြင်ဖြစ်သွားတာချည်းပဲ....၊မင်းက အချစ်ဆိုတာကြီးကိုရှောင်တိမ်းနေပေမယ့် အဲ့အချစ်ဆိုတာကြီးက မင်းဆီကိုတည့်တည်ပစ်ဝင်လာတဲ့မုန်တိုင်းသာဆို"
YOU ARE READING
You are My Bone