Part - 56 [Uni&Zaw]

27.3K 1.5K 221
                                        

Unicode

"အခြေအနေကဘာတဲ့လဲ Dark"

"အစကောက်လို့တော့ရတယ်....၊ဟုတ်မဟုတ်က ကိုယ်တိုင်အတည်ပြုရမဲ့ အပိုင်းဖြစ်နေတယ် King"

"ဘာတဲ့လဲ Dark"

ဇမ်းရဲ့စကားကို Kingကသိလိုစွာမေးသည်။သို့သော် Kingရဲ့အမေးကို ဇမ်းချက်ချင်းမဖြေနိုင်ဘဲ အားနေတဲ့လက်တစ်ဖက်ကို ဆံပင်တွေကြားထဲထိုးသိပ်ကာ သက်ပြင်းခပ်ဖွဖွချသည်။ထို့နောက်....၊

"ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းတဲ့"

"ဘာကြီး!"

ဇမ်းအဖြေကို King ကတအံ့တသြပြန်မေးသည်။

"ရှင်းက ဖလမ်းမြို့ကဘုရားကျောင်းမှာလက်ထပ်မယ်လို့ ပြောခဲ့တယ်တဲ့"

"လက်ထပ်တာ ဟုတ်လား Dark"

"ဟုတ်တယ် ငါလည်းကြားကြားချင်းတုန်းက အံ့သြသွားခဲ့တာ....၊သူနဲ့ငါအဆက်အသွယ်ရှိခဲ့တဲ့နှစ်တွေမှာ သူ့ဆီက အဲ့လိုအကြောင်းအရာမျိုး ငါတစ်ခါမှမကြားဖူးဘူး King"

"ဒါပေမယ့်ကွာ...၊သူလည်း လူတစ်ယောက်ပဲလေ ချစ်တာအပြစ်မှမဟုတ်တာ"

"ချစ်တာအပြစ်မဟုတ်ပေမယ့်....ကျစ်!"

ဇမ်းပြောနေရင်း စိတ်ရှုပ်စွာ စုတ်တစ်ချက်သတ်မိ၏။ရှင်းနဲ့ပတ်သတ်သည့်အကြောင်းအရာများကို ခရေစေ့တွင်းကျ ပြောပြထားလို့သိတာဆိုလို့ Kingနဲ့Lunaသာရှိသည်။ဒါတောင် Lunaက Kingလောက် အတွင်းကျကျမသိ။ထို့ကြောင့်ပင် Lunaထက် Kingနဲ့သာ ပိုပြီး ရှင်းကိစ္စ‌ကိုဆွေးနွေးဖြစ်သည်။ဒီသုံးနှစ်ဆိုတဲ့အချိန်အတွင်းမှာ ရှင်းနဲ့ပတ်သတ်သမျှ သေးသေးလေးကအစအပင်ပန်းခံပြီး စုံစမ်းပေးလုပ်ပေးခဲ့သူကလည်း Kingသာဖြစ်လေသည်။

"သူနဲ့မင်းရဲ့ဆက်ဆံရေးအရဆို မင်းဖြစ်နေတဲ့ခံစားချက်ကို ငါနားလည်ပါတယ်ကွာ....၊သူလည်းတစ်ချိန်ချိန်မှ မင်းကို...."

"အဲ့တာဆိုလည်း ဘာလို့အခုအချိန်ထိပျောက်နေတာလဲ"

"......."

"......"

နှစ်ယောက်စလုံးရဲ့အသံတွေ ခဏမျှတိတ်ဆိတ်သွားပြီးနောက် တိတ်ဆတ်မှု့ကို စတင်ဖြိုခွင်းလိုက်သူက King...။

You are My Bone [Complete]Where stories live. Discover now