Unicode
"မင်းသေချာလား King"
"သေချာတယ် Luna...၊ငါတို့အတွင်းလူကိုယ်တိုင်အတည်ပြုထားတာ"
"တောက်!"
Luna ရဲ့တောက်ခေါက်သံက တိတ်ဆိတ်နေသည့်ညသန်းခေါင်မှာ ဟိန်းထွက်သွားလေသည်။တစ်လျှောက်လုံးဆက်သွယ်မရခဲ့သည့်အကြောင်းအရင်းဟာ ဇာတိမှန်ပေါ်ကာ နေရာမှန်ရောက်သွားလို့ဆိုတာ Lunaအခုမှသိခဲ့ရသည်။အစကတည်းကလိမ်ထားတာဖြစ်လောက်မည့်အကြောင်းအရာသည် ဒီအချိန်မှ အချိန်ကိုက်ပြန်ပေါ်လာတာမို့ ဝေခွဲရခက်မှု့များပါပျောက်ဆုံးကုန်ရသည်။ထို့အပြင် ချစ်ရသူကပါ အန္တရာယ်ကြားမှာရောက်နေသည်။
"သူတို့ရဲ့အခြေစိုက်စခန်းကိုသိလား"
"အဲ့အထိတော့မသိရသေးဘူး....၊ဒါပေမယ့် S&S Barကတော့ သဲလွန်စရနိုင်တယ်"
"ငါ့ကိုလိပ်စာပေး"
"Luna..."
"........."
စိတ်လောနေသည့် Lunaကို Kingက စိုးရိမ်သလို ဖုန်းထဲကနေလှမ်းတားဖို့ခေါ်လိုက်ပေမယ့် တစ်ဖက်ကတုံ့ပြန်မလာတာကြောင့် King လေသံကိုလျော့ချလိုက်ကာ......၊
"အရင်ဆုံး မင်းစိတ်ကိုခဏလျော့ထား Luna...၊တစ်ချိန်လုံးအစအနပျောက်နေတဲ့ ရွှေလိပ်ပြာဂိုဏ်းက ဒီတစ်လောမှာ တစ်ခုပြီးတစ်ခု သဲလွန်စတွေချပြနေတာ ငါတော့ မသင်္ကာဘူး"
"အခုအချိန်က ဆုံးဖြတ်လို့အချိန်ကျန်တဲ့အခြေအနေမဟုတ်ဘူး King....၊ရိပ်ကမိန်းကလေး....၊မင်းစကားတွေက ငါ့အတွက်တော့ ကျားဂူထဲမှာ သမင်းတစ်ကောင်ကို ထည့်ပြီး စိတ်ချလိုက်ပါကွာလို့ နှစ်သိမ့်ပြောနေသလိုပဲ"
"အဲ့လိုဖြစ်နေတယ်ဆိုရင်တောင့် ချင့်ချိန်သင့်တာကို ငါတို့ချင့်ချိန်ရမှာပဲ Luna....၊တစ်ခုခုအတိမ်းအစောင်းဖြစ်တာနဲ့အရင်ဆုံး အန္တရာယ်ရှိလာမှာ မင်းအသက်"
"ငါဂရုမစိုက်ဘူး King....၊ငါသိတာ အဲ့လိုအန္တရာယ်များတဲ့နေရာမှာ ရိပ်ကိုတစ်စက္ကန့်လေးတောင်မထားနိုင်ဘူးဆိုတာပဲ...."
"မင်းထိပ်တိုက်တွေ့ရမဲ့အရာတွေကိုသိတယ်မလား"
"အရင်ကမိတ်ဆွေဖြစ်ခဲ့ရင်တောင် လမ်းမတူရင် ရန်သူပဲ King...၊ဘယ်သူ့ကိုမှ ငါမသက်ညှာဘူး"
YOU ARE READING
You are My Bone