Description

7.1K 208 22
                                    

Name - First Frost
Chapter - 85 chapters + 4 extras + special extras from book

ကံကြမ္မာစက်ကွင်းကြီးရဲ့စီရင်ခြင်း​အောက်မှာ 'ဝိန်းရိဖန်' ဆိုတဲ့​ကောင်မ​လေးက အထက်တန်း​ကျောင်းတုန်းက ငြင်းခဲ့ဖူးတဲ့​ကောင်​လေး 'စန်းရန်' နဲ့ တစ်အိမ်တည်း​နေဖို့ အ​ကြောင်းဖန်လာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးက စည်းခြားထားတဲ့မြစ်​ချောင်းကြီးကို မချိုးမဖျက်ကြဘဲ တစ်မိုး​အောက်ထဲမှာ သူစိမ်းနှစ်​ယောက်လိုမျိုး အတူတူ​နေထိုင်ကြပါ​သေးတယ်။ ဒီလို​အေးချမ်းငြိမ်သက်​နေတဲ့​​နေထိုင်မှုပုံစံ​လေးက မနက်ခင်းတစ်ခုမှာ​တော့ က​ပြောင်းကပြန်နဲ့အဆုံးသတ်သွားပါ​လေ​ရော့သတဲ့....

မ​နေ့ညကအထိ သူမရဲ့အိပ်ခန်းထဲမှာပဲ ရှိ​နေခဲ့တဲ့ 'ဝိန်းရိဖန်'က ​နောက်တစ်​နေ့မနက်မိုးလင်း​တော့ 'စန်းရန်'ရဲ့အိပ်ရာ​ပေါ် ​ရောက်​နေပါတယ်တဲ့​​လေ။ အိပ်​နေတဲ့အချိန် ​ယောင်ယမ်းပြီး လမ်း​ထ​လျှောက်တတ်တဲ့အကျင့်ရှိတဲ့သူ 'ဝိန်းရိဖန်' ကသာ ဒီလိုအကျင့်မျိုးရှိ​ကြောင်း 'စန်းရန်'ကို ရှင်းပြပြီး ​တောင်းပန်စကားဆိုရ​တော့တာ​ပေါ့။ ဒါ​ပေမယ့် ဒီလိုအ​ခြေအ​နေမျိုး​တွေက တစ်ကြိမ်ထပ်တစ်ကြိမ် ထပ်ပြီးဖြစ်လာတဲ့အခါကျ​တော့ ပြဿနာအတွက် ​ဆွေး​နွေးကြရ​တော့တယ်​လေ။

'ဝိန်းရိဖန်' က 'စန်းရန်' ကို အိပ်ခန်းတံခါးကို ​လော့ခ်ချထားသင့်​ကြောင်း အကြံပြု​ပေး​တော့တာ​​ပေါ့။

'စန်းရန်' က စိတ်ထဲမထည့်တဲ့ပုံစံမျိုးနဲ့ အလျင်းသင့်သလို ​ပြောလိုက်တာက ;

"မင်းက ​သော့ဖျက်ဝင်လာရင်​ရော"

'ဝိန်းရိဖန်'ကလည်း စိတ်ရှည်လက်ရှည်နဲ့ကို ရှင်းပြရင်း

"ငါ့မှာ ဘယ်လိုလုပ်ပြီး ​သော့ဖျက်နိုင်တဲ့အစွမ်းအစမျိုးရှိပါ့မလဲ"

"ကိုယ်နဲ့ တစ်ကုတင်ထဲ အတူတူအိပ်ရဖို့အတွက်.."

စန်းရန်က မျက်လုံးကိုအသာအယာပင့်ကြည့်ရင်း ;

"မင်းမလုပ်နိုင်တဲ့အရာဆိုတာမျိုး မရှိရင်​ရော"

'ဝိန်းရိဖန်'က နှစ်စက္ကန့်မျှ​လေးငြိမ်သွားပြီးတဲ့အခါမှာ​တော့ ​လေး​လေးနက်နက်နဲ့ကို အတည်​ပေါက် ​မေး​တော့တယ်​လေ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now