Chapter 32

539 44 2
                                    

မျက်ဝန်းနှစ်စုံမှာ မျက်နှာချင်းဆိုင်ဆုံလျက်သား။

ဤအခိုက်အတန့်တွင် ​နောက်ခံတီဗွီက လူစကားကိုနားလည်​နေသည့်အလား ပူး​ပေါင်းပါဝင်​ပေးစွာဖြင့် အသံတိတ်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်ကလည်း အပ်ကျသံပင်ကြားရ​လောက်သည်အထိ တိတ်ဆိတ်​နေပြီး ​သေမတတ်ရှက်စရာ​ကောင်း​နေသည့်​လေဟာပြင်ထဲသို့ ထိုးကျသွားပါ​လေ​ရော့သည်။

ဝိန်းရိဖန်က ​ကြောင်အမ်းပြီးစိုက်ကြည့်​နေမိသည့်သူမ၏အကြည့်များကို တည်တည်ငြိမ်ငြိမ်ပြန်ရုတ်သိမ်းလိုက်၏။

အတွင်းထဲမှစိတ်ခံစားချက်များမှာ​တော့ ​လေပြင်းမုန်​တိုင်းဝင်လာသည့်သဖွယ် ဝုန်းဒိုင်းကျဲ​နေတော့သည်။

ကိုယ့်ကို , ဖက် , သွားတယ်။

ကိုယ့်ကို , နမ်း , သွား​သေးတယ်။

ဖက်တယ်။

နမ်းတယ်။

"...."

ဤစကားလုံးနှစ်လုံးက ဝိန်းရိဖန်တစ်ကိုယ်လုံးအား တဟုန်းဟုန်း​တောက်ပြီး​ပေါက်ကွဲလာ​စေမိလုနီးနီး။

သူမ၏ပါးပြင်နှစ်ဖက်စလုံးဟာ ပူတက်လာခဲ့မှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစား​နေမိကာ ထိုအခြင်းအရာက လုံးဝထိန်းချုပ်၍မရပါ​​တော့ပေ။ သူမအ​နေဖြင့် တည်ငြိမ်ဖို့ရာ ၊ စိတ်ငြိမ်ဖို့ရာကြိုးစားပြီး ပြဿနာ၏ဖြစ်နိုင်​ချေများကို ခွဲခွဲခြားခြားသုံးသပ်ကြည့်ချင်ပါ​သေးသည်။

ထို့အပြင် စန်းရန်ကိုလည်း ဆီ​လျော်မည့်အ​ဖြေတစ်ခု ​ပေးရဦးမည်မဟုတ်လား။

သို့​သော် စန်းရန်က သူမအား ထိုသို့လုပ်​နေဖို့ရန် အချိန်လုံးဝမ​ပေးပါဘဲ သူမအား လှမ်းကြည့်​နေလျက်သားဖြင့် ;

"မဟုတ်​​သေးပါဘူး ၊ မင်း ဘာဖြစ်လို့ မျက်နှာ​တွေနီနေတာလဲ"

ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့် ;

"အို့....နီ​နေတာလား"

ကုန်း​မြေတိုက်ကြီး အသစ်​တစ်ခု ပေါ်လာသည့်အလား စန်းရန်က သူမကိုသာစိုက်ကြည့်​နေ၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now