Chapter 73

594 45 4
                                    

ဤစကားတစ်ခွန်းအဆုံးတွင်။

ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး ​အောင့်သက်သက်နိုင်သည့်အ​ခြေအ​နေမျိုးဖြစ်သွားခဲ့သည်။

စုထျန်းသည်လည်း တစ်ခုခုလွဲမှားသွား​ကြောင်း သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူမ၏စကားမှားသွားမှန်း ရိပ်မိသွား၏။ ကသိက​အောက်နိုင်​နေသည့်ကြားမှ စကားလုံးကို ခပ်ရှက်ရှက်ဖြင့်သာ ​ပြောင်း​ပြောလိုက်ရ​တော့သည်။

"အာ....ဒီတစ်​ယောက်က နင့်ရဲ့​ချစ်သူကောင်​လေးလား"

ဝိန်းရိဖန်လည်း စန်းရန်အား အလိုလိုလှမ်းကြည့်မိလိုက်သည်။

လက်ရှိအချိန်တွင် စန်းရန်က သူမအား လှမ်းကြည့်​နေခြင်းဖြစ်ကာ အထက်စီးဆန်လွန်း​နေသည့်အကြည့်နှင့်အမူအရာတို့​ကြောင့် သူ့အ​တွေးများကို မခန့်မှန်းနိုင်ပါ​​ချေ။

စန်းရန် ကြားသွားခြင်းရှိမရှိကိုလည်း မသိသဖြင့် ​ချော်လဲ​ရောထိုင်သာလုပ်လိုက်​တော့၏။

"အင်း ဟုတ်တယ် ၊ ငါ့​ကောင်​လေး စန်းရန်"

စကား​အဆုံးတွင် ဝိန်းရိဖန်က စန်းရန်ဘက်သို့ ထပ်လှည့်လိုက်၍ ;

"ဒီတစ်​ယောက်က ငါ့အလုပ်ကမိတ်​ဆွေ ၊ စုထျန်း"

စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။

ထိုအခါ စုထျန်း၏မျက်နှာချင်းဆိုင်တွင်ထိုင်​နေသည့် ​အမျိုးသားက စကားဆိုလာခဲ့သည်။

"​ရှောင်ထျန်း....မင်းရဲ့မိတ်​ဆွေလား"

စုထျန်းက ​ခေါင်းငြိမ့်ပြ၍ ;

"ငါ့ရဲ့လုပ်​ဖော်ကိုင်ဖက် ဝိန်းရိဖန်တဲ့"

ထိုအမျိုးသားမှာ ယဥ်​ကျေးပျူငှာစွာဖြင့် စတင်ဖိတ်​ခေါ်လာခဲ့သည်။

"ကျွန်​တော်​တို့​ဆုံမိကြပြီဆိုမှ​တော့ တစ်ဝိုင်းတည်းထိုင်ကြမလား"

ဝိန်းရိဖန်က ဤကိစ္စနှင့်ပတ်သတ်ပြီး မဆုံးဖြတ်ချင်သဖြင့် စန်းရန်ထံ လှမ်းကြည့်ကာ မျက်လုံးဖြင့် အ​မေးအမြန်းပြုလိုက်သည်။

စန်းရန်က သူမအား အဓိပ္ပါယ်ပါပါဖြင့် သုံး​လေးစက္ကန့်ကြာ​အောင်စိုက်ကြည့်​နေပြီးမှ ထိုအမျိုးသားဘက်သို့လှည့်သွားပြီး ​ခေါင်းငြိမ့်ပြ၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now