Chapter 35

697 50 2
                                    

စန်းရန်၏စကား​ကြောင့် မုချန်ယွင်၏အမူအရာမှာ အနည်းငယ်အံ့သြသွားသည့်ပုံစံမျိုးဖြစ်သွား၏။ အ​နောက်တွင်ရပ်ကျန်​နေခဲ့သည့် ဝိန်းရိဖန်ကိုလည်း တစ်ချက်လှမ်းကြည့်မိလိုက်ကာ သူ မထင်မှတ်ထားသည့်ကိစ္စများဖြစ်​နေသည့်အတွက် တအံ့တသြဖြင့် ​မေးလိုက်သည်။

"စီနီယာအစ်ကိုက ရိဖန်ကျဲနဲ့ ရင်းနှီးနေတာလား"

စန်းရန်၏မျက်လုံးများထဲတွင် မည်သည့်​ဖော်ပြချက်မျိုးမှမရှိ ​ခပ်တည်တည်ဖြင့်သာ စိုက်ကြည့်​နေ၏။

"ဒါ​​ပေမယ့်လည်း ရင်းနှီးတာ မရင်းနှီးတာ​တွေက ကိစ္စမရှိပါဘူး"

မုချန်ယွင်၏မျက်ခုံးတစ်စုံက တွန့်ချိုးသွားခဲ့၍ ​မွေးခါစနွား​ပေါက်​လေးက ကျားကို မ​ကြောက်သည့်သဖွယ် သူ့စကားလုံးတို့ဖြင့် တစ်စုံတစ်ရာကိုလည်းသိသာထင်ရှား​အောင် လုပ်ပြ​နေ​သေးသည်။ သူ့ခန္ဓာကိုယ်မှာ​ ယိုင်​ထိုး​နေသည့်အ​နေအထားမျိုးဖြစ်​နေဆဲဖြစ်​သော်ငြား စကားသံများ​တော့ လုံးဝကြည်လင်၏။

"အစ်ကိုက ကျွန်​တော့်ထက် အ​တွေ့အကြုံများ​ကောင်းများနိုင်ပါတယ် ၊ ဒါ​ပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ကျွန်​တော့်အမြင်​မှာ​တော့ အဓိကအချက်က လူ​ပေါ်ပဲမူတည်တာ ၊ အကွက်​တွေဘာ​တွေနဲ့ မဆိုင်ဘူး"

"လူ​ပေါ်ပဲမူတည်တာ...."

စန်းရန်က ပျင်းတိပျင်းရွဲဖြင့် ;

"ဒါဆို မင်း အခုချက်ချင်း အိမ်ပြန်​ရေချိုးပြီးအိပ်လိုက်​​တော့"

"....."

စန်းရန်က အဓိပ္ပါယ်မရှိ ​ပေါက်ကရစကားများ ဆက်​ပြော​နေရမည်ကိုပျင်းလွန်းလှသဖြင့် အ​နောက်ဘက်သို့လှည့်ကြည့်ပြီး ;

"ဝိန်းရိဖန်"

တိုက်တိုက်ဆိုင်ဆိုင် ဝိန်းရိဖန်ကလည်း သူတို့​နောက်သို့ လိုက်လာ​နေသည့်အချိန်။

"ဘာဖြစ်လို့လဲ"

သူတို့နှစ်ဦး၏မျက်နှာကိုကြည့်ရုံဖြင့်လည်း ယခု​လေးတင်​ပြော​နေကြသည့်စကားများကို ဝိန်းရိဖန် မခန့်မှန်းနိုင်ပါ​ပေ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now