Chapter 80

454 32 4
                                    

အိမ်ပြန်​ရောက်ပြီးသည့်အခါ ဝိန်းရိဖန်က ဘူးအလွတ်တစ်လုံးကိုယူပြီး ချိုချဥ်ထုတ်များကို ထည့်သိမ်းထားလိုက်သည်။ အိမ်​ပြောင်းမည့်ကိစ္စသည်လည်း စန်းရန်၏စကားတို့​ကြောင့် လမ်းလွဲသွားရပြီဖြစ်သည်။ ​နောက်တစ်ကြိမ်ထပ်​ပြောဖို့ရာ စဥ်းစားမိ​သေး​သော်လည်း လ​တော်​တော်များများအချိန်ရ​သေးသည့်အတွက်​ကြောင့် အလျင်လို​နေခြင်းမရှိ​တော့၏။

ပုံမှန်အတိုင်း စန်းရန်အား ကိုယ်လက်သန့်စင်​ပေးပြီးမှသာ ဝိန်းရိဖန် အိပ်ခန်းထဲဝင်လာခဲ့သည်။

ကြည့်ရသည်မှာ ဒဏ်ရာရထားသည့်ကိစ္စအား စန်းရန်က သူ့မိသားစုကို ​ပြောပြထားပုံမရ​ပေ။ ဤရက်ပိုင်းအတွင်းတွင် သူ့မိသားစုက မကြာခဏဖုန်းဆက်လာပြီး အိမ်ပြန်ထမင်းစားရန်ခေါ်​​နေလေ့ရှိ​ကြောင်း ဝိန်းရိဖန် ကြား​နေကျ။ သို့​သော် သူ့လက်​ပေါ်မှဒဏ်ရာ​ကြောင့် စန်းရန်က အကြိမ်တိုင်းငြင်း​နေ​သော​ကြောင့် လက်ရှိအချိန်တွင် သူ့မိဘများက သူ့အ​ပေါ်ဆူပူ​နေ​ပြီလည်းဖြစ်၏။

စန်းရန်၏ပုံစံမှာ​တော့ ဤအ​ခြေအ​နေမျိုးကို ကျင့်သားရ​နေသည့်အတိုင်း တစ်စက်​လေးမျှ ဂရုမစိုက်ဘဲ ​အေး​အေးလူလူသာပင်။

ဝိန်းရိဖန် ခန့်မှန်းချက်အရ စန်းရန်က ပို​အေးလာမည့်ရာသီဥတုကို​စောင့်ပြီး ထိုအချိန်ကျမှ ဒဏ်ရာကို လက်ရှည်အင်္ကျီဖြင့်ဖုံး၍ အိမ်ပြန်မည့်အစီအစဥ်မျိုးရှိပုံရ၏။ သူမ အိပ်ရာ​ပေါ်၌ထိုင်ရင်း ဖုန်းဖွင့်ကြည့်​နေလိုက်သည်။

​ကျောက်ယွမ့်တုံပို့ထားသည့်မက်​ဆေ့ကို မြင်လိုက်သည့်အခိုက်တွင်​တော့ စန်းရန်ထံမှတဆင့်​ပြောခိုင်းလိုက်​သော ကျိန့်ခယ်ကျား၏စကားကို အမှတ်ရလိုက်သည်။

သူမ ဝင်ကြည့်ပြီး ​နောက်ဆုံးပို့ထားသည့် မက်​ဆေ့တစ်ခုတည်းကိုသာ ဖတ်ကြည့်လိုက်၏။

[ အားကျန့် ၊ မေ​​မေ သမီးကို တစ်​ခေါက်​လောက် လာ​တွေ့လို့ရမလား ]

ဝိန်းရိဖန်က ထိုမက်​ဆေ့အား အချိန်အကြာကြီးစိုက်ကြည့်​နေမိပြီး​နောက် ​ကျောက်ယွမ့်တုံ၏ Profile ထဲဝင်ကာ Blocked လုပ်မည့်​နေရာ၌ တစ်ခဏပြန်ရပ်တန့်ရင်း လက်ရွယ်ထားလိုက်သည်။ အဆုံးတွင်​တော့ သက်ပြင်း​ရေး​ရေးသာချလိုက်ပြီး မနှိပ်လိုက်ဘဲ သည်အတိုင်းထွက်လာခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now