Extra ( From book )

476 36 2
                                    

Book Extra 1

နောက်တစ်နှစ်၏ဆောင်းဦးရာသီပွဲ​တော်​နေ့တွင် ​လေး​ယောက်သားက စန်းမိသားစုအိမ်သို့ပြန်လာပြီး ပွဲ​​တော်ကျင်းပကြသည်။

ညစာမစားရ​သေးခင်ပင် ဝိန်းရိဖန်သည် ဌာနမှဖုန်းဝင်လာပြီးအ​ခေါ်ရှိ​သော​ကြောင့် ထွက်လာခဲ့လိုက်ရပြီး ညဆယ်နာရီထိုးသည်အထိ ပြန်မ​ရောက်လာခဲ့​ပေ။ လူကြီးများက ​စော​စောအနားယူတတ်ကြသဖြင့် စန်းရုံနှင့်လီဖင်းက ​ရေချိုးပြီးအိပ်ရာဝင်နှင့်​နေပြီ​ပေ။

ကျန်​နေခဲ့သည့်သုံး​ယောက်မှာ ဘာမှလည်းလုပ်စရာမရှိသဖြင့် 'အိမ်ရှင်​နေရာလု'သည့်ကစားနည်းအား စ၍ကစားကြ​တော့သည်။ အ​ပျော်သ​ဘောကစားခြင်းဖြစ်သည့်အတွက်​ ​သတ်မှတ်ထားသည့် လောင်း​ကြေးမှာမမြင့်ဘဲ တစ်ပွဲလျှင် ယွမ် ၁ကျပ်​ကြေးသာဖြစ်ပြီး ကဒ်၏အပွင့်ချင်းတူလျှင် နှစ်ဆ​​ကြေးဖြင့် အခြားစည်းကမ်းချက်များမပါ​ပေ။

စန်းကျစ်၏နဂိုမူလအစီအစဥ်မှာ စန်းရန်အား 'အိမ်ပိုင်ရှင်'​နေရာတွင် ပုံ​သေထားပြီး သူမက သွမ့်ကျားရွှီနှင့်ပူး​ပေါင်း၍ အိမ်ပိုင်ရှင်အား တစ်စက်က​လေးမှအ​လျော့မ​ပေးဘဲ အနိုင်ယူမည်ပင်။ သို့​သော် သူမ ရထားသည့်ကဒ်များဟာလည်း အ​ခြေအ​နေ​ကောင်းပါသည့်တိုင် ပွဲတိုင်းလိုလို အိမ်ပိုင်ရှင်၏ အိမ်ဖွင့်ခြင်းကိုလည်း ခံ​နေရသည်။

စန်းကျစ်က ယခုလိုကစားနည်းမျိုးများကို ကစား​လေ့မရှိ​သော​ကြောင့် လက်ရည်ကသိပ်မ​ကောင်း။ သုံး​လေးပွဲဆက်တိုက် အနှီ​ယောက်ျားအိုကြီးနှစ်​ယောက်၏ မညှာမတာအနိုင်ယူခြင်းကို ခံလာရသည့်အခါတွင်​တော့ စန်းကျ်၏​ဒေါသများက တရိပ်ရိပ်နှင့် ထိုးတက်လာပါ​တော့သည်။ ​ရှေ့​ဆက်ကစားကြသည့်ပွဲတိုင်းလိုလိုတွင် စန်းကျစ်က မည်သည့်ကဒ်မျိုးရလာပါ​စေ အိမ်ပိုင်ရှင် လုပ်ပစ်သည်ချည်း။

သူမဟာ ခင်ပွန်းကိုစွန့်ပစ် ၊ အစ်ကိုအား ပစ်ပယ်လိုက်ပြီး ထိုလူနှစ်​ယောက်အား ရန်​ကြွေးများစွာရှိသည့်ရန်သူလို လုံးဝသတ်မှတ်ပစ်လိုက်​တော့သည်။

​နောက်ထပ်တစ်ပွဲစတင်သည့်အချိန်တွင် စန်းကျစ်က ကဒ်တစ်ကဒ်ကိုဆွဲထုတ်ပြီး အ​ခေါ်အ​ဝေါ်ပါ​ပြောင်းပစ်လိုက်​၏။ စန်းကျစ်သည် ဝိန်းရိဖန်အား အရင်က​ ခေါ်​လေ့ရှိသည့်စကားအတိုင်း သည်းကြီးမည်းကြီး​အော်လိုက်​၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now