Chapter 43.1

616 56 3
                                    

ရှေ့​လျှောက်ကာလများတွင်​တော့ နှစ်​ယောက်စလုံးသည် အလုပ်ကိုယ်စီ၌ အချိန်ပိုများဆင်းကြရသဖြင့် အိမ်မှာ​တွေ့ဖြစ်ကြသည့်အကြိမ် အ​ရေအတွက်နည်းလာခဲ့သည်။ဝိန်းရိဖန်သည်လည်း ဤအချိန်များအတွင်း အိပ်​နေရင်း တစ်ကြိမ်သာ လမ်းထ​လျှောက်ပြီး နိုးလာသည့်အချိန်၌ စန်းရန်၏အိပ်ခန်းထဲ ​ရောက်​နေ​ကြောင်း သိလိုက်ရသည်။

ထို​နေ့က စန််းရန် အိမ်ပြန်​​နောက်ကျခဲ့၏။ ဝိန်းရိဖန် အိပ်ရာနိုးပြီး အခန်းထဲမှထွက်လာသည့်အချိန်တွင် စန်းရန်က ဆိုဖာ​ပေါ်၌သာ တစ်ညလုံး အိပ်​နေ​ကြောင်း​တွေ့လိုက်သည်။

ထိုအခိုက်အတန့်တွင်။

သူမသည် အခြားသူတစ်​ယောက်နှင့် အိမ်ခန်းမျှ​နေရန် လုံးဝမသင့်​လျော်​ကြောင်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းသ​​ဘော​ပေါက်လိုက်​၏။ တတ်နိုင်သမျှ အိမ်အမြန်​ပြောင်းပြီး တစ်​ကိုယ်တည်း​နေလို့ရမည့်အိမ်ခန်းရှာရန် ​တွေးမိလိုက်သည်။

လွန်ခဲ့​သောလအနည်းငယ်မှစ ဝိန်းရိဖန်သည် အစမ်းခန့်ကာလကုန်လွန်ပြီး ပုံမှန်ဝန်ထမ်းတစ်ဦးအဖြစ် ​ပြောင်းသွားခဲ့ကာ လစာသည်လည်း ​ရေးရသည့်စာမူများအတိုင်း ခံစားခွင့်ရှိပြီဖြစ်သည်။သူမ၏တွက်ချက်မှုအရ အလုပ်ကိုကြိုးစားလုပ်​နေသ​ရွေ့ သူမ၏ဝင်​ငွေသည် တစ်​ယောက်​နေအိမ်ခန်းငှားရန် ခက်ခဲ​တော့မည်မဟုတ်။

သို့​သော်လည်း တကယ်တမ်း အိမ်ခန်းရှာ​တွေ့သည့်အချိန်တွင်​တော့ ​စိတ်မဆုံးဖြတ်နိုင်​တော့ပေ။

သူမ အမှန်တကယ်တွင်လည်း ​ပြောင်းမထွက်လာခဲ့ချင်။

ခံစားမိ​နေခဲ့သည်မှာ အကယ်၍ သူမသာ ​ပြောင်းသွားခဲ့လျှင် နှစ်​ယောက်သားက အိမ်ခန်းမျှ​နေကြတော့မည်မဟုတ် ၊ ​နေ့တိုင်း မဖြစ်မ​နေမျက်နှာချင်းဆိုင်ရမည့်​အ​ခြေအ​နေမျိုးလည်း ရှိ​တော့မည်မဟုတ် ၊ သည့်ထက်အပြင် သူမနှင့်စန်းရန်ကြားတွင် ​နောက်ပိုင်းအဆက်အသွယ်ပြုရန်အ​ကြောင်းပင် ရှိ​နိုင်​တော့မည်မဟုတ်၏။

ဤကိစ္စမှာ မဖိတ်​ခေါ်လည်း အ​နှေးနှင့်အမြန်ဖြစ်လာမည့် ကိစ္စတစ်ရပ်ဖြစ်ပါ​သော်ငြား ဝိန်းရိဖန်အ​နေဖြင့်​တော့ အချိန်ဆွဲထားလိုစိတ်က မသိမသာဖြစ်တည်လာခဲ့ပြီး အိမ်​ပြောင်းမည့်ကိစ္စနှင့်ပတ်သတ်၍ စန်းရန်အား ထပ်၍စကားမစမိ​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now