Chapter 81

400 31 1
                                    

ပထမဆုံးနှင်းများ တစ်ကြိမ်တစ်ခါ ဖြတ်သန်းကူးလားသွားပြီးသည့်အခိုက်တွင် အပူဓါတ်များကို တစ်ပါတည်းသယ်​ဆောင်သွားသည့်အလား နန်းဝူမြို့၏​ဆောင်းရာသီက တစ်စစနှင့်ဝင်လာပြီး အ​အေးဓါတ်လွှမ်းလာခဲ့သည်။ အချိန်များစီးဆင်းသွားခဲ့သည်နှင့်အတူ စန်းရန်၏ဒဏ်ရာလည်း သက်သာလာခဲ့ကာ အမာရွတ်ရာ​ရေး​ရေး​လေးသာ ကျန်​နေ​တော့သည်။

ဝိန်းရိဖန်က အမာရွတ်​ပျောက်ကင်းနိုင်မည့်နည်းလမ်းမျိုးစုံကိုရှာ​ဖွေကြည့်ပြီး ရက်ပိုင်းခန့် လက်တည့်စမ်းအသုံးပြုကြည့်လိုက်အခါ သူ့အမာရွတ်က အမှန်တကယ်လည်း ​မှေးမှိန်လာခဲ့သည်။

အချိန်ကာလမှာ သတိမထားမိလိုက်ပါဘဲ နှစ်ကုန်ခါနီးသို့ ​ရောက်လာခဲ့သည်။

အင်တာဗျူးကိစ္စအပြီး ဌာနသို့ ပြန်လာသည့်အခါ ဝိန်းရိဖန်သည် 'ကန်ဟုန်ယွမ်'၏ လျှပ်တပြက် စကား​ခေါ်​ပြောခြင်းကိုခံလိုက်ရ​သည်။ အဓိကဆိုလိုရင်းမှာ ယခုနှစ်၏ နှစ်ပတ်လည်အခမ်းအနားက မကြာမီ​ရောက်​တော့မည်ဖြစ်၍ သူမ၏ကိုယ်​ရေးရာဇဝင်ထဲရှိ ဆယ်နှစ်​တာအက,​လေ့ကျင့်ထားသည့်အ​တွေ့အကြုံအရ 'ချွမ်တ' သတင်းဌာနအုပ်စု၏ဂုဏ်ကို​ဆောင်၍ သူမအား ​ဖျော်​ဖြေမှုတစ်ခုလုပ်​ပေးရန် ​တောင်းဆိုလာခြင်းဖြစ်သည်။

ဝိန်းရိဖန်က ကြိုတင်သိထားခြင်းမရှိသည့် ရုတ်တရက်ဆန်​သောအ​ခြေအ​နေကြီး​ကြောင့် ​ကြောင်အမ်းသွားရ၏။

"ဒါရိုက်တာ....ကျွန်မ ဆယ်နှစ်နီးပါးက,ခဲ့တာမှန်​ပေမယ့် မက,ဖြစ်​တော့လည်း ဆယ်နှစ်ပြည့်​​တော့မှာလေ"

'ကန်ဟုန်ယွမ်'က တပြုံးပြုံးလုပ်ရင်း ​ရေ​နွေးခွက်ကိုလှမ်းယူ၍ ;

"ကိစ္စမရှိပါဘူး ၊ ဘာမှမတတ်တာထက်စာရင် တတ်ထားတာက ပိုသာပါတယ်​လေ ၊ ပြီး​တော့ အားလုံးက အ​ပျော်သ​ဘောပဲလုပ်ကြတာပါ ၊ ဆရာတို့ဌာနထဲမှာရှိတဲ့ ​​ကောင်မ​လေးငယ်ငယ်​လေး​တွေဆိုတာ လက်ချိုး​ရေလို့​တောင်ရတယ် ၊ အားလုံးက သန်သန်မာမာ​ယောက်ျားကြီး​တွေချည်းပဲ ၊ ဘယ်​သူကမှလည်း ကြည့်​ပျော်ရှု​ပျော်ရှိကြတာမဟုတ်ဘူး"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now