Extra 4 ( The Last )

525 51 6
                                    

2007 ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကြီးအပြီးတွင် စန်းရန်သည် သူ့ဘဝတစ်​လျှောက် အရှည်ကြာဆုံးနွေရာသီပိတ်ရက်များအား ကြိုဆိုဖြတ်သန်းခဲ့ရသည်။ ​ပေယွီမြို့မှ ပြန်လာပြီးကတည်းက ကြာရှည်လွန်းခဲ့သည့်အချိန်များအတွင်းတွင် သူဟာ မည်သူတစ်ဦးတစ်​ယောက်ထံကမှ ဝိန်းရိဖန်ဆို​သောလူတစ်​ယောက်အ​ကြောင်း ​ပြောဆို​နေသည်ကိုလည်း မကြားမိခဲ့ပါ​ပေ။

သူဟာ အမှတ်မြင့်မြင့်​ဖြေဆိုနိုင်ခဲ့ပြီး နိုင်ငံအဆင့်ထိပ်ဆုံးတက္ကသိုလ်တစ်ခုထံမှလည်း ဝင်ခွင့်အ​ကြောင်းစာကို လက်ခံရရှိခဲ့​သေးသည်။ မိဘများသည်တော့ အဆုံးအစွန်ထိ​ ပျော်ရွှင်ဂုဏ်ယူ​နေခဲ့ကာ ​ဆွေမျိုးများကလည်း အချိန်နှင့်အမျှ သူ့အား လှမ်းလှမ်း​ခေါ်၍ ချီးကျူးဂုဏ်ပြုကြရာ သူ့ပတ်ဝန်းကျင်မှလူတိုင်းဟာ ​ပျော်ရွှင်မှုများကြားနစ်မြှုပ်​နေခဲ့ကြသည်။

အသည်းအသန်စာလုပ်ခဲ့သည့်ကာလကြီးမှ လွတ်​မြှောက်သွားခဲ့သည့်အခါ စန်းရန်တစ်​ယောက် ချမ်းသာပြီးလိုတရ​နေသည့်ဘဝဆီသို့ ​ရောက်သွားခဲ့​တော့သည်။

စန်းရန်သည် ဝိန်းရိဖန်နှင့်ရှိခဲ့ဖူးသည့်ဆက်ဆံ​​ရေးအား မည်သူတစ်ဦးတစ်​လေကိုမှ ​ပြောပြထားဖူးခြင်းမရှိ။ ပုံမှန်​နေ့ရက်များအတိုင်း သူငယ်ချင်းအ​ပေါင်းအပါများနှင့် အပြင်ထွက်ကာ ဘတ်စကတ်​ဘောကစား ၊ ဂိမ်းကစား ၊ ထုံးစံအတိုင်း စိတ်မရှည်ပါ​သော်ငြား မိဘများ၏အတင်းကာ​ရော​တောင်းဆို​နေမှု​ကြောင့် ညီမဖြစ်သူကို စာသင်ပြ​ပေးရရင်း ၊ အရင်ရက်များအတိုင်း ​နောက်ကျမှအိပ်၍ ​နေထွက်မှအိပ်ရာထဖြစ်ခဲ့သည်။

သူ့ဘဝအား အရင်ကလို ပုံမှန်အတိုင်းသာ ​နေထိုင်ခဲ့ဖြစ်ပြီး....

ဤကိစ္စကြီးဟာလည်း ရိုးရှင်းလွန်းသည့် ဖြစ်စဥ်တစ်ခုလိုပါပင်....

မြို့ငယ်​လေးကိုကျောခိုင်းလာခဲ့ပြီး သူ့ဘက်မှစ၍ ထပ်မဆက်သွယ်​တော့ခြင်းဟာ သူတို့နှစ်ဦးကြားရှိပတ်သတ်မှုများကို ဖြတ်​တောက်လိုက်ခြင်းနှင့် အတူတူပါ​ပေ။ ရည်ရွယ်ချက်ရှိရှိ ကြိုးစားလုပ်ယူစရာပင်မလိုပါဘဲ သူဟာ သူမ၏ကမ္ဘာထဲမှ လုံးလုံးလျားလျားကို ထွက်လာခဲ့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now