ဝိန်းရိဖန်မှာ ဖုန်းမျက်နှာပြင်ကို အချိန်အကြာကြီးစိုက်ကြည့်နေမိပြီး 'စိတ်ဆန္ဒ' နှင့် 'အပိုင်ရယူဖို့' ဆိုသည့်စကားစုနှစ်ခုကြောင့် ကြက်သီးမွှေးညှင်းများပင် ထိုးခနဲဖြစ်သွားရသည်။ သူမ၏အမူအရာမှာ တင့်တောင်းနေပြီး လက်ချောင်းထိပ်များက ဖုန်းမျက်နှာပြင်ပေါ်၌တန့်နေရင်း အမေးသင်္ကေတတစ်ခု ဖြည်းဖြည်းချင်းရိုက်ယူလိုက်သည်။
သို့သော် တစ်ဖက်လူဆီသို့ စာမပို့လိုက်ရသေးခင် စက်ခန်းထဲမှထွက်လာသည့် စုထျန်းက သူမ၏အာရုံကိုနှောက်ယှက်လာခဲ့၏။
စုထျန်းက ဆုံလည်ကုလားထိုင်ကိုလှည့်ပြီး အနားသို့ရောက်လာကာ ခပ်တိုးတိုးဖြင့် ;
"လခွမ်း....ငါ အခုလေးတင်ဝင်လာတုန်းက ဟိုအလုပ်သင်လေးကိုမြင်ပြီး လမ်းတွေတောင်လွှဲတော့မလို့ ၊ ငါ့ကို လန့်အောင်တော့ လုပ်နေပြီ"
ဖုန်းမျက်နှာပြင်ကို အလိုလိုပိတ်လိုက်ရင်း ဝိန်းရိဖန်က ခေါင်းမော့လာ၏။
"ဟမ်"
"ဟိုအသစ်ဝင်လာတဲ့ အလုပ်သင်ကောင်လေးလေ"
စုထျန်းက မသိမသာတစ်ချက်လှမ်းကြည့်လိုက်ပြီး ;
"ဘုရားရေ....ငါတော့ အချစ်မှာပျော်ဝင်သွားပြီ ၊ ရုပ်ချောတဲ့ ခွေးပေါက်လေး Type ၊ အရပ်ကလည်းမြင့် ရုပ်ကလည်းချော ချစ်စရာကလည်းကောင်း"
ဝိန်းရိဖန်က ရယ်လိုက်ရင်းဖြင့် ;
"သာ့ကျွမ့်ကိုကျတော့ ဘာလို့ ခွေးပေါက်လေး Type လို့မပြောတာတုန်း"
ဖြစ်ချင်တော့ ဖုကျွမ့်က အနားမှဖြတ်လျှောက်သည့်အချိန်။
စုထျန်းက မျက်ဖြူလှန်ပြကာ ဗြောင်ကျကျဖြင့် ;
"သူကတော့ သာမန်ခွေးပေါက်လေး"
"...."
ဖုကျွမ့်က ချက်ချင်းရပ်သွားခဲ့၏။ အရှေ့တွင်ပြောသွားသည့်စကားလုံးများကိုမကြားလိုက်ရသော်ငြား သူပြောပိုင်ခွင့်ကိုအရယူ ၊ အော်ဟစ်၍ ;
"ထျန်းကျဲ....ဘာလို့ လူကိုလာပြီးတိုက်ခိုက်နေရတာလဲ ၊ ကျွန်တော်က ဘာလို့ သာမန်ဖြစ်ရတာလဲ!"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
言情ဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-