Chapter 36

552 39 0
                                    

ဝိန်းရိဖန်မှာ စကားဆုံးသည်နှင့် စန်းရန်ဘက်မှ တုံ့ပြန်လာမှုကိုမ​စောင့်​တော့ဘဲ ခပ်တည်တည်ဖြင့် ​လျှောက်ထွက်လာခဲ့သည်။ လမ်း​လျှောက်ပုံက အ​တော်​လေးငြိမ်ပါ​သော်ငြား ​ခြေလှမ်းများမှာ​တော့ ​လေးလံလွန်းပြီး မ,ဖို့ရာပင်မလွယ် ၊ ထို့အပြင် ဂွမ်းစများအ​ပေါ်​လမ်းလျှောက်​နေရသည့် ခံစားချက်မျိုးပါ ရှိ​နေ​သေးသည်။

စန်းရန်က ဝိန်းရိဖန်တစ်ယောက် ပုံမှန်မဟုတ်​နေမှန်း သတိထားမိလိုက်၍ ;

"မင်း ဘယ်​လောက်​တောင်​သောက်ထားတာလဲ"

ဝိန်းရိဖန်က တုံ့ခနဲရပ်သွား၏။

"၁ခွက်"

စန်းရန် ;

"၁ခွက်က ဘာ​တွေလဲ"

ဝိန်းရိဖန်​ ခေါင်းရမ်းပြလာ၏။

"မသိဘူး"

စန်းရန် မျက်​မှောင်ကျုံ့လိုက်ပြီး စကားသံတို့ကပါ စိတ်မကြည်​တော့သည့်ပုံစံဖြစ်သွားခဲ့သည်။

"မသိဘဲနဲ့ မင်း ​လျှောက်​သောက်လာတာလား"

ဝိန်းရိဖန် ;

"​ရှောင်ထျန်း ​ပေးတာ"

ဝိန်းရိဖန်မှာ စက်ရုပ်တစ်ရုပ်အလား မေးသမျှပြန်​​ဖြေ​နေရုံသာရှိပြီး အမူအရာတို့မှာကား ပုံမှန်နှင့်ဘာမှမကွာခြား​ပေ။ အကယ်၍ တစ်ခဏတုန်းကစကားမျိုးများသာ မ​ပြောလာခဲ့လျှင် စန်းရန်အ​နေဖြင့် သူမ အရက်မူး​နေမှန်းပင် သိမည်မဟုတ်၏။

လဲကျသွားမည်ကိုစိုးရိမ်သည့်အတွက် စန်းရန်က အ​ရှေ့တိုးလာပြီး လက်ဆန့်ထုတ်ကာ ထိန်း​ပေးမည့်ဟန်မျိုးပြုလုပ်လိုက်၏။

"​မတ်မတ်ရပ်​"

သူ့လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါတွင်​တော့ ဝိန်းရိဖန် အလိုလို​​နောက်ဆုတ်သွားမိပြီး ​လက်တစ်ဖက်က အင်္ကျီဆွယ်တာ​ခေါင်းစွပ်ကို ဖိထားလိုက်၏။

"စန်းရန်"

"?"

သူ့မျက်ဝန်းများကို လှမ်းကြည့်ပြီး ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်း​စေ့ကာ သူနှင့်အနားကပ်ဖို့ရာကြိုးစား​နေသည့်အတိုင်း စကားလုံးများကိုအ​လေးအနက်ထား​ပြော​လာခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now