Chapter 83

421 30 1
                                    

ဝိန်းရိဖန်၏​ဖျော်​ဖြေ​မှုမှာ အချိန်သိပ်မယူဘဲ အလွန်ဆုံး သုံးမိနစ်၊လေးမိနစ်ခန့်သာ ကြာမြင့်ပြီး သီချင်းသံအဆုံးတွင် သူမ၏​နောက်ဆုံးကကွက်သည်လည်း တပြိုင်နက်တည်းရပ်သွားခဲ့သည်။

စက္ကန့်ပိုင်းတစ်ခုစာ ငြိမ်သက်​နေသည့်ကကွက်အပြီးတွင်​တော့ ဝိန်းရိဖန်က ကကွက်အ​နေအထားမှလှုပ်ရှားလိုက်ရင်း ပရိတ်သတ်များအား ဦးညွှတ်လိုက်သည်။ ဤအပိုင်းအခြား​လေးတွင် သူမ၏ စားပွဲ​နေရာဆီသို့ အားတက်တ​ရောလှမ်းကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ စန်းရန်အား တစ်ချက်တည်းဖြင့် လှမ်းမြင်လိုက်ရ၏။

ဝိန်းရိဖန် ခပ်ဖွဖွ​လေး အသက်ရှိုက်လိုက်ရင်း မျက်​တောင်များကလည်း တဖျတ်ဖျတ်ခတ်မိလိုက်သည်။

စင်​ပေါ်မှ ဆင်းလာပြီးသည်နှင့် သူမ၏​နေရာဆီသို့ ​အ​ပြေး​လေးပြန်လာခဲ့၏။

စန်းရန်က သူမအား ​ဘေးတိုက်အ​နေအထားဖြင့် စိုက်​ငေးကြည့်​နေ​ဆဲ​ပေ။

ဝိန်းရိဖန်၏မျက်နှာထက်တွင် မိတ်ကပ်ပါးပါးလိမ်းခြယ်ထားပြီး မျက်လုံး​အောက်ဖက်​ထောင့်နားတွင် ကပ်ထား​သော​ စိန်ပွင့်​လေးများကလည်း တလက်လက်​တောက်ပ​နေသည့်အသွင်။ အခြားလုပ်​ဖော်ကိုင်ဖက်များ၏ အား​ပေးချီးကျူးစကားများကို နား​ထောင်တုံ့ပြန်ပြီး​နောက်တွင်​တော့ ဝိန်းရိဖန်က စန်းရန်ဘက်သို့ လှည့်လာ၏။

"နင် ဘယ်အချိန်တုန်းက ​ရောက်တာလဲ"

"မင်းရဲ့​ဖျော်​ဖြေမှု မစခင်​လောက်က"

စန်းရန်က ထိုင်ခုံ​ပေါ်တင်ထားသည့် ဝိန်းရိဖန်၏အ​ပေါ်ထပ်အင်္ကျီကို ယူပြီး သူမ၏ကိုယ်​ပေါ် လွှားခြုံ​ပေးလိုက်၍ ;

"မင်း ဒီအင်္ကျီက ဘယ်လိုဖြစ်​နေတာလဲ ၊ ပိတ်စ,မ​လောက်​တော့လို့လား"

"...."

ဝိန်းရိဖန် အသံထွက်​အောင်ရယ်မိလိုက်ပြီး ;

"ဒီလို​လေးမှ ကြည့်လို့​ကောင်း​နေမှာ​လေ"

စန်းရန်က စကားထပ်မဆို​တော့ဘဲ သူမ၏အ​ပေါ်ထပ်အင်္ကျီကိုသာ အသားတကျဖြစ်​အောင် ညှိ​ပေး​နေ​လေ၏။ ခွန်းအားမှာ မပြင်းလွန်း မ​ပျော့လွန်း။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now