Extra 2

440 29 4
                                    

အမျိုးသား​နေ့အားလပ်ရက်ရှည်ကာလထဲတွင် စန်းကျစ်သည်လည်း ပိတ်ရက်ရသဖြင့် ​ကျောင်းမှအိမ်ပြန်လာခဲ့သည်။ ကျောင်းပြန်သွားရမည့်​နေ့ မတိုင်ခင်တစ်ရက်အလိုတွင်​တော့ လီဖင်က အခြားသူများထံ ဖုန်းဆက်ပြီး အချိန်ရလျှင် ညစာစားရင်း စကားစမြည်​ပြောကြဖို့ရာ ​ခေါ်ထားသည်။

ဝိန်းရိဖန်​ရော စန်းရန်ကပါ နှစ်​ယောက်လုံး ပိတ်ရက်ရထားသဖြင့် ထို​နေ့၏​နေ့လည်ခင်း၌ပင် စန်းမိသားစုအိမ်သို့ ​ရောက်လာခဲ့ကြသည်။

အားလုံး လူစုံ​တက်စုံဖြစ်ပြီး သွမ့်ကျားရွှီသာလျှင် အလုပ်ဆင်း​နေရ၍ ည​နေစာစားချိန်မှ ပြန်လာနိုင်မည်ဖြစ်သည်။ မိသားစုဝင်များက စကားစမြည်​ပြော​နေကြရင်း ညစာစားခါနီးအချိန်တွင်​တော့ စန်းရုံနှင့်လီဖင်က မိတ်​ဆွေ​ဟောင်းကြီးများ၏ ရုတ်တရက်ဖုန်း​ခေါ်လာမှု​ကြောင့် အပြင်ထွက်ညစာစားဖြစ်သွားခဲ့သည်။

မည်သည့်စိတ်မချခြင်းမျိုးမှမဖြစ်ပါဘဲ သူတို့လေး​ယောက်အား ချန်ထားပစ်ခဲ့​လေ၏။

အိမ်ထဲတွင် မည်သည့်ဟင်းရွက်သားငါးမှမရှိ ၊ အပြင်ထွက်မည်ဆို​သော်လည်း မည်သည့်​စား​သောက်ဆိုင်သို့သွားရမည်မှန်းမသိ ၊ ​နောက်ဆုံးတွင် ဝိန်းရိဖန်နှင့်စန်းကျစ်တို့ ​ဆွေး​နွေးပြီးသည့်အခါ ဟင်းရွက်သားငါးအချို့ဝယ်ပြီး ​ဟော့​ပေါ့ချက်စားရန် ဆုံးဖြတ်လိုက်သည်။

အ​ဆောက်အဦး၏တံခါး​ပေါက်ဝကြီးမှ ထွက်လာသည့်အခါ သွမ့်ကျားရွှီ​၏ကားက တိုက်တိုက်ဆိုင်ဆိုင် ​ရောက်ချလာခဲ့သည်။

သုံး​ယောက်သားက ကား​ပေါ်တက်သွားခဲ့၏။

နှစ်​နှောင်းပိုင်းကတည်းက သွမ့်ကျားရွှီသည် ယီဟယ်မြို့မှ နန်းဝူမြို့သို့ပြန်လာပြီး ဤမြို့ထဲတွင် ဂိမ်းနှင့်ပတ်သတ်သည့်လုပ်ငန်းတစ်ခုကို စတင်တည်​ထောင်ထားခဲ့သည်။

သွမ့်ကျားရွှီသည် အဖြူ​ရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများကို ခပ်​လျော့​လျော့​လေး​မှေးထားကာ တစ်​နေ့လုံး အလုပ်လုပ်လာပါသည့်တိုင် ​မောပန်း​နေသည့်ပုံမျိုးမရှိ။ သူ့အသံတို့ကအစ ကြည်လင်​နေဆဲဖြစ်ပြီး ​ဖြေး​ဖြေးချင်းနှင့်ညင်ညင်သာသာ​လေးသာ စကားဆို၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now