Chapter 59

722 63 2
                                    

တစ်နှစ်​ကျော်မျှကြာသွားခဲ့ပြီး​နောက်တွင် ဝိန်းရိဖန်၏ပါးစပ်ဖျားမှ ဤစကားလုံးအား ထပ်ကြားလာရလိမ့်မည်ဟု စန်းရန် တစ်ခါမှပင်မ​တွေးထားမိခဲ့ပါ​ပေ။ သည့်ထက်အပြင် ဤအကြိမ်၌ 'ပြန်​ရွေးမည့်'အဆင့်ထိပါ တက်သွား​လေပြီဖြစ်သည်။

သူ့အတွက်​တော့ ကြားလိုက်ရသည်မှာ ​ကြောင်​တောင်​တောင်လည်းနိုင်လှသလို ရယ်ချင်စရာလည်း​ကောင်း​နေပြန်​​သေးသည်။

"ကိုယ့်ကို ဘာဖြစ်တယ်"

ဝိန်းရိဖန်၏အေးစက်စက်လက်​ချောင်းများက သူ့မျက်နှာအားထိ​တွေ့​နေသည်မှာ မျက်ခုံးမှတဆင့် ပါး​ပေါ်သို့ဆင်းလာပြီး ​နောက်တွင် ပါးချိုင့်ရာ​ရေး​ရေး​လေး​ပေါ်​နေသည့်သူ့ညာဘက်ပါး​နေရာ၌ ရပ်တန့်သွားခဲ့​၏။

ဆက်၍လည်း မလှုပ်ရှားလာ​တော့သလို အကြည့်များကပါ ပါးချိုင့်​နေရာဆီသို့ ​ရောက်လာခဲ့သည်။

"​ပြောပြကြည့်ပါဦး"

စန်းရန်က ဝိန်းရိဖန်အား သ​ဘောကျထိခွင့်​ပေးထားပြီး သူမ၏အခြားလက်တစ်ဖက်ကိုကား သူ ဆွဲကိုင်ထားလိုက်၍  ;

"ကိုယ့်ကို​ရွေးလိုက်ပြီပဲထား...ပြီး​​တော့​ရော.."

"ပြီး​တော့လား"

ဝိန်းရိဖန်က မျက်​တောင်များကို ဖြည်းဖြည်းချင်းပင့်တင်လာပြီး ရင်းနှီးလွန်းလှ​သော သူ့မျက်ခုံးများကိုစိုက်ကြည့်ကာ သူမ၏အတွင်းစိတ်ဆန္ဒများကို အရိုးသားဆုံး​ပြောပြလာခဲ့သည်။

"နင့်ကို ငါ့တစ်​ယောက်တည်းအတွက်ပဲ ဖြစ်​အောင်လုပ်မလို့"

စန်းရန်က မျက်ခုံးကိုအသာအယာပင့်​မြှောက်လိုက်၍ ;

"ဒါဆို မင်း ​ရွေး​နေစရာ​တောင် လို​သေးလို့လား"

"လိုတယ် ၊ ဘာလို့လဲဆို​တော့ ငါ မြင်ထားတာ...."

ဝိန်းရိဖန်က နှုတ်ခမ်းကိုကိုက်လိုက်ရင်း ခပ်တိုးတိုး​လေးမ​ကျေမနပ်ဆိုလာ၏။

"နင် တခြားမိန်းက​လေး​တွေကို ရယ်ပြလို့"

စကားအဆုံးတွင် သူမက ထပ်၍ရှင်းပြလာ​လေ​သေးသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now