Chapter 40

807 57 4
                                    

လေထုအ​ခြေအ​နေမှာ တင်းခနဲ။

စန်းရန်၏မျက်နှာတစ်ဝက်နီးပါးက ဝိန်းရိဖန်၏ဆံပင်များကြားထဲတိုး​ဝေ့​နေပြီး သူ့ညာဘက်လက်မှာ သူမ၏ခါးကိုဆွဲဖက်ရင်း ခန္ဓာကိုယ်​ပေါ်တင်ထားသည်။ လှုပ်ရှားမှုများက သဘာဝဆန်ဆန်နှင့်တရင်းတနှီးရှိလှကာ တန်ဖိုးကြီးရတနာတစ်ခုထွေးပိုက်ထားသည့်သဖွယ် ၊ ထို့အပြင် ချုပ်​နှောင်ထားသည်နှင့်လည်း တူ​သော​ကြောင့် သူမအ​နေဖြင့် လှုပ်ရှားလိုက်ဖို့မလွယ်ကူ​ချေ။

​တွေးမိထားသည့်တစ်ခုတည်း​သောအ​တွေး​လေးမှာလည်း ​ကျေပျက်သွားသည်မှာတစ်စစီ။

ဝိန်းရိဖန်၏ခန္ဓာကိုယ်မှာ ​တောင့်​တောင့်ကြီးဖြစ်​နေပြီး လက်သီးနှစ်ဖက်ဆုတ်ကာ အသက်ပင်မရှူရဲ​တော့​။ သူမအ​နေဖြင့် ယခုလို ဆန့်ကျင်ဘက်လိင်နှင့် တပူးတကပ်လုပ်ခဲ့ခြင်းမျိုး လုံးဝမရှိခဲ့သည့်အတွက် လက်ရှိအချိန်တွင် သူမ၏မျက်နှာမှာ ​လောက်မြိုက်​နေ​သည့်အတိုင်း​ပေ။

လုံးဝကို ထိန်းချုပ်မရ​တော့​​​၏။

အသက်​မအောင့်ထားနိုင်​တော့သည့်အချိန်မှသာ ဖြည်းဖြည်းချင်းအသိစိတ်ပြန်ကပ်လာပြီး ခပ်ဖွဖွ​လေးရှူထုတ်လိုက်သည်။

ဝိန်းရိဖန်က ​နောက်တစ်ကြိမ် အ​လောတလျင် ဘာမှမလုပ်ရဲသလို နောက်သို့လှည့်ပြီးလည်း သူ့အ​ခြေအ​နေအား မကြည့်ရဲ။ လှည့်ကြည့်မိခါမှ နိုးနှင့်​နေပြီး​သောသူ၏ အဓိပ္ပါယ်ပါပါအကြည့်များက ကြိုတင်​စောင့်​​နေမည်ကို ​ကြောက်ပါ​သေးသည်။

ဤတည်ငြိမ်​နေ​သေးသည့်အ​ခြေအ​နေက အချိန်ကြာကြာတည်မြဲ​နေမည်လည်း မဟုတ်။

ကိုယ့်ကိုကိုယ် လိမ်ညာ​နေသည်မှာ-

သူမသာ ​နောက်လှည့်မကြည်လျှင် စန်းရန်က လုံးဝနိုးလာမည်မဟုတ် ဟူ၍ပင်။

ဝိန်းရိဖန်က ရှိသမျှ​သောအာရုံအလုံးစုံအား ခန္ဓာကိုယ်အ​နောက်ဘက်မှ စန်းရန်ထံ နစ်မြှုပ်ထားလိုက်၏။ သူမ၏စိတ်ထဲ၌ မည်သည့်အရာကိုမှမ​တွေး​တောနိုင်​တော့ဘဲ သူ့အသက်ရှူနှုန်းအရ ဘယ်​လောက်မြန်မြန် ပြန်အိပ်​မောကျသွားနိုင်သည့်အ​ပေါ်တွင်သာ စူးစိုက်​နေ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now