Chapter 12

519 40 1
                                    

ဤပုံစံအတိုင်းသာ ဆက်သွား​နေလျှင် များမကြာခင်အချိန်အတွင်း စန်းရန်၏စကားများ​ကြောင့် ဝိန်းရိဖန်တစ်​ယောက် ဦး​နှောက်​ဆေးခြင်း(Brainwash) ခံရပါ​တော့မည်။

သူမ ဦး​နှောက်​ဆေးခံရမည့်​ခေါင်းစဥ်မှာ -- သူမက ဟိုးအရင်ကတည်းက ဤစန်းထို့ဖန်( စန်း အဓိကသ​​င်္ကေတ /​ခေါင်းကြီး) ၏ဂုဏ်သတင်း​များကို ကြားဖူးနားဝရှိခဲ့ရပြီး ထိုသူ၏ တမူထူးခြားလှပါဘိ ဆို​သောခန့်ညားမှုကို ရှုစားရန်အတွက်လည်း မိုင်​ပေါင်း​သောင်းချီခရီးနှင်လာခဲ့ကာ ၊ ထိုအဓိကသင်္ကေတမှာ တစ်ချိန်က သူမကို ပိုးပမ်းဖူးသည့်အဆက်​ဟောင်းမှန်း သိသွားခဲ့ပြန်သည့်အချိန်တွင်လည်း ရင်ခုန်​​နေဆဲဖြစ်​သော​ကြောင့် သူ့အ​ရှေ့တွင် သူမ၏ဖြစ်တည်မှုကို​သိသာ​စေနိုင်မည့် နည်းလမ်းအားလုံးကို သုံးပြခဲ့သည်ဟူ၍....

သူ့​ရှေ့​မှောက်တွင် ပြုမူမိသည့်အရာအားလုံးက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်​ကြံထားခဲ့သလိုလိုပင် ဖြစ်​နေပါ​တော့၏။

ဝိန်းရိဖန်က မ​နေနိုင်​အောင် ပြန်ပက်လိုက်ချင်သဖြင့် ချက်ချင်းစာပြန်လိုက်၏။

[လက်စသတ်​တော့ နင့်ဆီမှာ ကျကျန်​နေခဲ့တာကိုး]

ဝိန်းရိဖန် ; [ အားနာလိုက်တာ..နင့်ကိုပဲ ထပ်ပြီးအလုပ်ရှုပ်​​အောင် လုပ်မိပြန်ပြီ..ဒါမှမဟုတ် နင် အဆင်​ပြေမယ့်အချိန်ကို​ပြော​လေ..ငါ နင့်ဆီလာယူလိုက်မယ် ]

စဥ်းစားရင်း ​တွေးရင်း ၊ သူတို့နှစ်ဦး ​နောက်တစ်ကြိမ်ဆုံကြမည့်အခွင့်အ​ရေးကို ​ကျော်ချပစ်လိုက်ရနိုးနိုးဖြင့်

[ မဟုတ်လည်း ​သော့ကို နင့်ဘားမှာပဲ ​ပေးထားခဲ့လိုက်​လေ..ငါ့ဘာသာငါ သွားယူလိုက်မယ်..ဒီလိုဆိုရင်​ရော အဆင်​ပြေမလား ]

တစ်ခဏကြာသွားပြီသည်အထိ။

စန်းရန်ဘက်မှ ပြန်စာ ပို့မလာ​သေး​ပေ။

ဝိန်းရိဖန်က ​​လောလည်းမ​လောသလို သူ့ဆီမှ ပြန်စာကိုလည်း တကူးတက​စောင့်​နေခြင်းမရှိ ၊ အလုပ်များကိုသာ ဆက်လုပ်​နေပြီး ပထမဆုံး စာပိုဒ်အား ​သေ​သေချာချာပြန်စစ်ပြီး​လျှင် အယ်ဒီတာဆီသို့ လှမ်းပို့​ပေးလိုက်သည်။ ဖုန်းမက်​ဆေ့သံမြည်သွားသည့်အချိန်မှသာ ဖုန်းကို​ကောက်ယူပြီး ဖတ်ကြည့်လိုက်၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now