Special Chapter

588 46 3
                                    

T/N ; ဒီ chapter ​လေးက 'ကျူးယိ'​လောင်ရှစ် Weibo ​ပေါ်မှာ တင်​ပေးခဲ့တဲ့ စာပိုဒ်​လေးပါ ၊ ​နောက်​တော့ 偷偷藏不住 - Hidden Love Novel ရဲ့ Side Extra အဖြစ် ထည့်​ပေးလိုက်ပါတယ် ၊ Hidden Love ရဲ့ Extra ဆို​ပေမယ့် 难哄 - Frist Frost အ​ကြောင်းကို ​ရေးထားတာမလို့ ကိုယ် ဘာသာပြန် လိုက်ရခြင်းပါ )

--------

ဘာဆိုဘာမှနားမလည်​သေး​သော စန်းကျစ်လေး / ဖြောင့်တန်းလွန်း​သည့်အမျိုးသား စန်းရန်၏ အသုံးမဝင်လှ​သောနည်းလမ်းများထဲကတစ်ခု / စန်းမိသားစုမှ ​မောင်နှမနှစ်​ယောက်၏ မျိုးရိုးဗီဇအရ​ပေါ်လာ​သော ဥာဏ်နီဥာဏ်နက်များ

--《 Hidden love 》 နှင့် 《 First Frost 》 တို့ပူး​ပေါင်းထားသည့် ပြဇာတ်ငယ်။

ရက်သတ္တပတ်၏ပိတ်ရက်တစ်ခုတွင် စန်းရန်သည် မိဘနှစ်ပါး၏အတင်းကာ​ရော​ပြောဆို​​နေမှု​ကြောင့် စန်းကျစ်ကို ​ခေါ်ပြီး အပြင်ထွက်လည်ပတ်​ပေးရသည်။

ဤကဲ့သို့​သောကိစ္စမျိုးများဖြစ်လာသည့် ပုံမှန်အချိန်တိုင်းတွင် သူ ​သေချာ​ပေါက် စန်းကျစ်အား ​ခွေးတစ်​ကောင်လိုဆွဲ​ခေါ်၍ ပတ်ဝန်းကျင်တစ်ပတ် လမ်းပတ်​လျှောက်​ပေးကာ ချိုချဥ်နည်းနည်းပါးပါးဝယ်​ကျွေးပြီး အိမ်ပြန်​ခေါ်လာသည်ပင်။ သို့​သော် သည်တစ်ကြိမ်တွင်​တော့ သူ တစ်စုံတစ်​ယောက်အား မထင်မှတ်ထားစွာဖြင့် ​တွေ့လိုက်ရသည်။

​ကောင်မ​လေးက ဆံပင်အားလုံးကို သိမ်း၍စည်း​နှောင်ထားရာ ​ချော​မွေ့​နေသည့်နဖူးပြင် ၊ နူးညံ့သိမ့်​မွေ့သည့်အမူအရာနှင့် ကြည်လင်လွန်းသည့်မျက်နှာ​လေးက လှစ်ဟ​​နေသည်။ ရိုးရိုးတီရှပ်တစ်ထည်နှင့် ဂျင်း​ဘောင်းဘီကိုဝတ်ပြီး စာအုပ်ဆိုင်၏အပြင်ဘက်၌ မတ်တပ်ရပ်​နေကာ အပြင်ဘက်တွင်ဖြန့်ခင်းထား​​သောစာအုပ်များအား ငုံ့ကြည့်​နေ၏။

အလွန်ကိုမှ ငြိမ်သက်​နေပါသည့်တိုင် မျက်စိအာရုံဖမ်းစားနိုင်လွန်း​အောင်လည်း ထင်​ပေါ်​နေ​လေသည်။

သုံးစက္ကန့်နီးပါး ​ငေးကြည့်​နေပြီး​နောက်တွင် စန်းရန်က ​တွေး​တွေးဆဆဖြစ်လာရင်း အရုပ်ဖြင့်ကစား​နေသည့် စန်းကျစ်အား လှမ်းကြည့်လိုက်သည်။ သူ ခါးကိုကိုင်းချလိုက်ကာ ညင်သာသည့်အသံမျိုးဖြစ်​အောင် အတင်းလုပ်​ပြောလိုက်၍ ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα