Chapter 58

520 48 2
                                    

မုချန်ယွင်၏သတိ​ပေးစကား​ကြောင့် ဝိန်းရိဖန်သည် ကုမ္ပဏီမှထွက်လာခါနီး၌ ပတ်ဝန်းကျင်အား ​ဝေ့ဝဲကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်​စေ သူမအ​နေဖြင့် ယခုလိုပြဿနာမျိုးများကို ကြားဖူးကြုံဖူးထားသည့်အတွက် စိတ်ထဲမလုံမခြုံဖြစ်လာရကာ သည်အ​တောအတွင်းလိုက်ခဲ့ဖူးသည့်သတင်းများအ​ကြောင်းကို အကြမ်းဖျင်း​တွေးကြည့်လိုက်သည်။

အင်တာဗျူးထားသည့်သူအားလုံးနှင့် ခလုတ်ထိထားခြင်းမရှိ ၊ ပုံမှန်အတိုင်း ​အေး​အေး​ဆေး​ဆေးဖြင့်သာ အဆက်အဆံပြုခဲ့သည်ဖြစ်၏။

ယခုတ​လောတွင် ​ဖော်​ကောင်လုပ်သည့်သတင်းမျိုးလည်း ​ရေးထားခြင်းမရှိ။

လက်ရှိအချိန်၌ 'ရှန့်အန်း'ရပ်ကွက်သားများက လမ်း​ပေါ်သွားလာ​နေကြသည်မှာမနည်း ၊ ထို့အပြင် လမ်းသရဲလမ်းမကြီးကလည်း အနီး​လေး၌သာဖြစ်ကာ ယခုလိုအချိန်မျိုးတွင်ပင် ဆူညံပြီးစည်ကားလျက်သား။ လမ်းမီးတိုင်များက ​နေရာအနှံ့ရှိကာ မည်း​မှောင်​နေသည့်ညနက်ကြီးထဲတွင်ပင် ​နေ့ခင်းအလားလင်းထိန်​နေ​၏။

ဝိန်းရိဖန်၏စိုးရိမ်မှုများသည်လည်း ပတ်ဝန်းကျင်​ကြောင့် တဖြည်းဖြည်း​မှေးမှိန်သွားခဲ့သည်။

အ​အေးဒဏ်မှာ စိမ့်ခနဲ​အေး​နေပြီဖြစ်၍ မာဖလာအား ​မေးဖျားနားထိတိုးတင်လိုက်ပြီး တက္ကစီကိုသာ တိုက်ရိုက်ငှားလိုက်သည်။

ချန်​ဖေး၏မင်္ဂလာပွဲအတွက် ​နေရာယူထားသည့်စား​သောက်ဆိုင်မှာ 'ရှန့်အန်း' ရပ်ကွက်ထဲတွင်သာဖြစ်ပြီး ဤ​နေရာမှ ဆယ်မိနစ်ခန့်ကား​မောင်းသွားရမည့် အကွာအ​ဝေးတွင်ဖြစ်သည်။

ကား​ပေါ်သို့​ရောက်ပြီး​နောက် ပထမဦးစွာ ဝိန်းရိဖန်က စန်းရန်ထံသို့ မက်​ဆေ့အရင်ပို့လိုက်သည်။ တစ်ခဏအကြာတွင်​တွေ့ရဦးမည့် သူ့မိတ်​ဆွေသူငယ်ချင်းများကို ​တွေးမိရင်း အိတ်ထဲမှ နှုတ်ခမ်းနီ၏ထုတ်ပြီး မိတ်ကပ်ပါးပါးပြန်ပြင်လိုက်သည်။

ဝိန်းရိဖန်က ပြတင်း​ပေါက်အပြင်ဘက်သို့​ငေးကြည့်​နေရင်း အ​တွေးများကလည်း တစ်စစနှင့်ပျံ့လွင့်လာကာ မုချန်ယွင်​ပြောသွားသည့် စန်းရန်၏ဘွဲ့ရညစာစားပွဲအ​ကြောင်းအား ပြန်​တွေးကြည့်မိလာ​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now