Chapter 84

429 27 4
                                    

ဝိန်းရိဖန်တစ်​ယောက် လက်ရှိအ​ခြေအ​နေ​ကြောင့် အနည်းငယ်​ကြောင်အမ်း​နေလျက်ရှိကာ မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းမသိ။ အ​နောက်ဘက်သို့လှည့်၍ ဖွင့်ထားသည့်တံခါးကိုလှမ်းကြည့်ကာ စိတ်ထဲ၌လည်း စန်းရန်၏အဖြစ်က ပစ္စည်းလာပို့​ပေးသည့်ဝန်ထမ်း​လေးလိုလိုပင် ခံစားလာမိ​တော့သည်။

"မဟုတ်ဘူး​လေ ပါး....ဒီလိုနှစ်သစ်ကူးရက်ကြီးမှာ ကျွန်​တော့်ကို ဘယ်​နေရာသွားခိုင်း​နေရတာလဲ"

စန်းရန်က ​​အ​မေဖြစ်သူ လီဖင်ကိုလှမ်းကြည့်၍ ;

"မား​တောင်မှ ရတယ်လို့​ပြော​နေပြီ​လေ ၊ မားက ကျွန်​တော့်ကို တီဗွီကြည့်​နေလို့ရတယ်တဲ့ ၊ ပါးက ဘာဖြစ်လို့ ကိုယ့်သားအရင်းကို အတင်း​မောင်းထုတ်​နေတာလဲ ၊ ပါး ဒါက မားကို ပုန်ကန်တဲ့လုပ်ရပ်ကြီး​နော်"

"...."

လီဖင်မှာ ဤလက်​ပေါက်ကပ်လွန်းသည့်သား​ကြောင့် ​ဒေါသထွက်ပြီးမ​သေရုံတမယ် ၊ ထို့​ကြောင့် စကားအပိုဆိုမ​နေ​တော့ဘဲ စန်းရန်၏လက်​မောင်းကို တန်းဆွဲ​ခေါ်လိုက်၏။

"ဘာကို တီဗွီကြည့်မှာလဲ! ယောက်ျားကြီးဖြစ်ပြီး အိမ်ပြန်လာတဲ့အချိန် ဘာမှမလုပ်ဘဲထိုင်​နေမှာ မရှက်ဘူးလား"

ထို့​နောက်တွင် ဝိန်းရိဖန်ဘက်သို့ လှည့်၍ ;

"ရိဖန် ၊ သမီးက ခဏ​လေးထိုင်​နေဦး​နော်"

ဝိန်းရိဖန်၏နှုတ်မှ 'ဟုတ်'ဆိုသည့်စကားတစ်ခွန်းကို အလိုလို​ဖြေလိုက်မိ၏။

စန်းရန်က လီဖင် ဆွဲ​ခေါ်သည့်​နောက်သို့ပါသွားရင်း အ​နောက်သို့လှည့်၍လည်း ဝိန်းရိဖန်ကိုလှမ်းကြည့်​နေ​​လေသည်။ စန်းရုံက ရယ်​နေရင်း ဝိန်းရိဖန်နှင့် စကားတ​ပြော​ပြောလုပ်​နေကာ တစ်ခဏကြာသွားပြီးချိန်တွင်​​တော့ ;

"ကျစ်ကျစ် ဒီအတိုင်းထိုင်မ​နေနဲ့ ၊ ရိဖန်ကို ​​ရေတစ်ခွက်ခပ်​ပေးလိုက်ဦး"

"ဟုတ်"

စန်းကျစ်က လက်ရမ်းပြ၍ ;

"ရိဖန်ကျဲ ၊ ဒီမှာ လာထိုင်​လေ"

ဝိန်းရိဖန် အနားသို့​​လျှောက်သွားပြီး ​ရေတစ်ခွက်ကိုယူ၍ ဝင်ထိုင်လိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Wo Geschichten leben. Entdecke jetzt