Chapter 47

659 59 2
                                    

သောကြာ​နေ့ ည​တွင်။

ဝိန်းရိဖန်သည် အဝတ်ဘီဒိုထဲမှစကတ်တစ်ချို့ကိုထုတ်ယူလာပြီး ထိုများထဲမှ ကာကီ​ရောင်စကတ်အရှည်တစ်ထည်ကို ​ရွေးလိုက်၏။ ​သိုး​မွှေးကုတ်အင်္ကျီအရှည်တစ်ထည်အား အပေါ်မှထပ်လိုက်ပြီး မိတ်ကပ်ပြင်ဆင်​နေသည်မှာ နာရီဝက်နီးပါး။

ကိုယ့်ကိုယ်ကိုယ်မှန်ထဲစိုက်ကြည့်​နေရင်း မျက်ခုံးများအား စူးရှ​နေသည်ထက် နူးညံ့သည့်ဘက်သို့လိမ်းခြယ်ထား၏။ Eyeshadow ဘူးကိုယူ ၊ မျက်ရစ်အိမ်အများအတိုင်းအဆင့်ဆင့်လိမ်းကာ မျက်လုံး၏အဆုံး​နေရာအား Eyeliner ဖြင့် ခပ်ချွန်ချွန်​ရေးဆွဲလိုက်သည်။

​တော်​တော်ကြာကြာရုန်းကန်လှုပ်ရှားပြီး​နောက်တွင်​တော့ ဘာမှထူးခြားမလာသည့်ခံစားချက်ကိုသာ ဝိန်းရိဖန် ခံစားမိလိုက်၏။ ထို့​ကြောင့် နှုတ်ခမ်းကိုတင်းတင်း​စေ့ထားပြီး သည့်ထက်ပို၍ရုန်းကန်မ​နေ​တော့ဘဲ လက်​လျော့လိုက်​တော့သည်။ အိပ်ခန်းထဲမှမထွက်လာခင် စားပွဲ​ပေါ်မှ ရေ​မွှေးပုလင်းကိုဖြတ်ခနဲလှမ်းမြင်လိုက်ပြီး ချိတုံချတုံဖြင့် ​နားရွက်အ​နောက်ဘက်၌ အနည်းငယ်ဖြန်းလိုက်သည်။

ဧည့်ခန်းထဲ၌ နာရီဝက်နီးပါး ထိုင်​စောင့်ပြီး​နောက်တွင်​တော့ စန်းရန်ပြန်​ရောက်လာခဲ့သည်။ အိမ်​သော့ကိုချိတ်​နေရင်း ဧည့်ခန်းထဲသို့ ထုံးစံအတိုင်းလှမ်းကြည့်လိုက်ရာ သူ့အကြည့်များက သူမထံ၌​တော်​တော်ကြာ​အောင်ကပ်ညှိ​နေပြီးသွားမှလွှဲသွားခဲ့၏။

ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး အလျင်းသင့်သလို​မေးလိုက်၏။

"နင် ပြန်လာတာ တစ်ခုခုလုပ်စရာရှိ​နေ​သေးလို့လား"

စန်းရန် ;

"ယူစရာရှိလို့"

ဝိန်းရိဖန်က 'အင်း' တစ်ခွန်းအသံပြုပြီး ထပ်မ​မေး​တော့​ချေ။

စန်းရန်က အိပ်ခန်းထဲဝင်သွားခဲ့ပြီး ခပ်မြန်မြန်ပင်ပြန်ထွက်လာခဲ့၏။ ယူလာသည့်ပစ္စည်းမှာလည်း ခပ်​သေး​သေးဖြစ်ပုံရကာ သူ့လက်ထဲတွင် ဘာဆိုဘာမှရှိမ​နေဘဲ ဝင်သွားသည့်အချိန်ကနှင့် မခြားမနားပင်။ သူဟာ အိမ်​ပေါက်ဝဆီသို့​လျှောက်သွားပြီး သူမကိုလည်း လှမ်းစကားဆိုလိုက်၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now