Chapter 15

571 48 0
                                    

သူ့မျက်နှာအမူအရာကို ကြည့်လိုက်ရခြင်းအားဖြင့် လက်ရှိအ​ခြေအ​နေမှာ မသိလိုက်ပါဘဲနှင့် ယမ်းနံ့များ​အောက်သို့​ရောက်သွားခဲ့ပြီဖြစ်မှန်း ဝိန်းရိဖန် သတိထားမိလိုက်သည်။

သို့​သော်လည်း ဝိန်းရိဖန်ထံ၌ စန်းရန်နှင့်ငြင်းခုန်လိုသည့်စိတ်မျိုးမရှိသည့်အပြင် ဘယ်စကားတစ်ခွန်းက သူ့အား မ​ပျော်မရွှင်ဖြစ်​အောင်လုပ်မိလိုက်မှန်းပင်မသိပါ​ပေ။သူမဘက်က စန်းရန်အ​ပေါ် မည်သည့်စိတ်ခံစားချက်မျိုးမှ မရှိ​နေသလို ​ဒေါသစိတ်များအားလုံးက ဝမ်လင်လင်တစ်​ယောက်တည်းကိုသာ ဦးတည်ခြင်းဖြစ်သည်။

"မဟုတ်ပါဘူး..နင် စိတ်မပူနဲ့"

ဝိန်းရိဖန်က တစ်ခဏမျှရပ်လိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်ဖြင့်ဆက်၍

"နင် အာရုံ​နှောက်သွား​အောင်လည်း ငါမလုပ်ရဲပါဘူး"

"...."

"ပြီး​တော့ စိတ်ထဲလည်းမထည့်ထားဘူး..ငါ့ဘက်က အ​ခြေအ​နေ​တွေကို ရှင်းပြချင်ရုံသက်သက်ပဲ..ငါ​ပြောလိုက်တဲ့ထဲမှာ ဘယ်စကားတစ်ခွန်းက နင့်ကို မ​ပျော်မရွှင်ဖြစ်သွား​အောင် လုပ်မိလိုက်မှန်းမသိ​ပေမယ့် ဒီကိစ္စကြီးက ရုတ်တရက်ဖြစ်သွားခဲ့တာမလို့ ငါ့အ​နေနဲ့ ချက်ချင်းမတုန့်ပြန်တတ်သလိုဖြစ်သွားလို့ပါ..ပြီး​တော့ ငါတို့နှစ်​ယောက်လုံးရဲ့ လက်ရှိစိတ်အ​ခြေအ​နေက သိပ်မ​ကောင်းကြဘူးလို့ ငါထင်တယ်..ထပ်ပြီး အချိန်ကလည်း မ​စော​တော့တာမလို့...."

ဝိန်းရိဖန်က တစ်ခဏမျှ​တွေးကြည့်လိုက်ပြီး​နောက် ဆက်၍

"ဒါမှမဟုတ် ဒီလိုလုပ်ကြရ​အောင်..နင် ဒီ​နေ့ည​​တော့ ဒီမှာပဲ​နေလိုက်..ငါတို့နှစ်​ယောက် ​နောက်တစ်​ခေါက်ပြန်စဥ်းစားကြည့်ကြပြီး မနက်ဖြန် ငါ အလုပ်ဆင်းလာပြီးတဲ့အချိန်ကြမှ ပြန်​ဆွေး​နွေးကြမယ်"

စန်းရန်က ဝိန်းရိဖန်ကိုသာ ကြည့်​နေပြီး စကားတစ်ခွန်း​မဆိုပေ။

ဝိန်းရိဖန် ;

"အိမ်ခန်းကိုမျှ​နေတယ်ဆိုတာက အ​သေးအမွှားကိစ္စမှမဟုတ်တာ..ငါတို့ကလည်း အခုချက်ချင်း ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်အ​ခြေအ​နေမျိုးမဟုတ်​သေးဘူး..ထပ်​ပြောရရင် နင် ဒီ​နေ့မှာ လက်ခံနိုင်တယ်ထင်တဲ့ကိစ္စက မနက်ဖြန်ကျရင် လက်မခံနိုင်​တော့တာမျိုးရှိနိုင်ပြီး ​အဲ့ကျမှရွှေ့မယ်​ပြောင်းမယ်ဆိုရင် ငါ့အ​နေနဲ့​ပြောရရင်​တော့ အရမ်းကိုအလုပ်ရှုပ်မှာ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now