Chapter 65

627 55 10
                                    

အရင်တစ်​ကြိမ် ဝိန်းရိဖန်တစ်​ယောက် ဦး​နှောက်တစ်ခဏတာပြတ်လပ်သွားပြီး စန်းရန်အား '​ခေါင်းကြီးသင်္ကေတ' ဟု ​ယောင်မှား၍ခေါ်ဆိုမိလိုက်သည့်အချိန်တုန်းက ဤစကားလုံးဟာ သူ့အတွက် စိတ်အခန့်မသင့်သလို ဖြစ်​ကောင်းဖြစ်သွားလိမ့်မည်ဟုထင်ခဲ့မိဖူးသည်။ မည်သို့ပင်ဖြစ်​စေ ထိုစကားလုံးက ​ကောင်းနိုးရာရာ​ခေါ်​ဝေါ်သည့်အဓိပ္ပါယ်လည်းမဟုတ်။ သို့​သော်ငြား သူမအား အံ့အားသင့်သွား​စေသည်မှာ​တော့ စန်းရန်က ထိုသို့အ​ခေါ်ခံရခြင်းကို သ​ဘောကျ​နေခြင်း​ပါ​ပေ။

သူမအ​ရှေ့သို့​ရောက်လာသည့်အချိန်တိုင်း ထို​စကားလုံးနှင့်အံ့ဝင်ခွင်ကျဖြစ်​​အောင် ​အလျင်အမြန်ပြေးဝင်သွားသလိုလို။

စကား​ပြော​နေရင်းနှင့် စန်းရန်သည် သူမ၏လက်​ချောင်းများကိုပါ တစ်ပါတည်းကိုင်ပြီး ​အောက်သို့ဆွဲ​ခေါ်လာခဲ့လာကာ စကားသံတို့က အနည်းငယ်သြရှရှနိုင်လျက်သား။

"ကိုယ့်ကို လိုချင်​နေတာ ကြာလှပြီမဟုတ်ဘူးလား ၊ အရင်ကတည်းက နည်းမျိုးစုံသုံးပြီး ကိုယ့်ကို အသားယူ​နေခဲ့တာ​လေ"

"...."

"အခု လုပ်ပိုင်ခွင့်ရှိ​နေတဲ့အချိန်ကျမှ....."

စန်းရန်က သူမ၏နှုတ်ခမ်းကို ​နောက်တစ်ကြိမ်နမ်းရှိုက်လာခဲ့ကာ စကားသံတို့က မရှင်းမလင်းနှင့်​ဝေ​ဝေဝါးဝါးဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ ဆန္ဒ​တွေကိုထိန်း​နေတာလဲ"

သူ့စကားအား နားဝင်သွားခြင်းရှိမရှိလည်း မသိပါ​​တော့ပေ။

ဝိန်းရိဖန်က သူ့လည်တိုင်အား သိုင်းဖက်ထားသည့်အင်အားကိုပြန်တင်းလိုက်ပြီး နှုတ်ခမ်းကိုဖွင့် ၊ တစ်ခုခု​ပြော​တော့မည့်အခိုက်။

​နောက်တစ်စက္ကန့်တွင် သူ့နှုတ်ခမ်းပါးနှင့်လျှာဖျားတို့ဟာ ​​နောက်ထပ်တစ်ကြိမ်တိုးဝင်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သိသိသာသာ ညင်သာသွားခဲ့သည့်အနမ်းများက တစ်ချက်ပြီးတစ်ချက်နမ်းရှိုက်​နေသည်မှာ စ​​နောက်​နေခြင်းနှင့်လည်းတူသလို သူမအား ​ချော့မြှူဆွဲ​​ဆောင်​နေခြင်းနှင့်လည်း တူပါ​သေးသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Nơi câu chuyện tồn tại. Hãy khám phá bây giờ