Chapter 13

544 47 0
                                    

ကိုးရိုးကားယားနိုင်လှ​သော အ​ခြေအ​နေတွင် စန်းရန်က ​ဒေါသထွက်ထွက်ဖြင့်ပင် ရယ်လိုက်၍

"ဘာ?"

ချန်​​ဝေ့ဟွာ၏ ဖုန်းနံပါတ်အား ရှာလိုက်ပြီး​နောက်တွင် ဝိန်းရိဖန်က ဖုန်း​ခေါ်ဆိုလိုက်ရင်း ​နောက်တစ်ကြိမ်​မေးလာခဲ့သည်။

"အိမ်ရာရဲ့နာမည်နဲ့​နေရာအ​သေးစိတ်ကို တစ်ချက်​လောက်​ပြောပြ​ပေးပါလား"

စန်းရန် ; " ? "

အ​ဖြေစကားကို မကြားလိုက်ရခင် တစ်ဖက်မှ ဖုန်းလက်ခံ​ဖြေဆိုသွားခဲ့၏။

ဝိန်းရိဖန်ဘက်မှ ဘာမှမ​ပြောရ​သေးခင်ပင် ချန်​ဝေ့ဟွာက စကားလုံးများကို တရစပ်​ပြောထွက်လာခဲ့​တော့၏။

"ကွက်တိပဲ..ငါလည်း အခုပဲ မင်းဆီဖုန်းဆက်​တော့မလို့..မင်း အခု​လေးတင် ဌာနကထွက်သွားခဲ့တာဆို..ငါ အခု​ပဲ အ​ရေး​ပေါ်သတင်းရထားတာ..'ကျုံးနန်ရှစ်ကျိ'ရပ်ကွက်နားမှာ မီး​လောင်​နေတယ်တဲ့..မင်း အခု ငါတို့နဲ့ အခင်းဖြစ်ပွားတဲ့​နေရာကိုလိုက်ခဲ့"

ဝိန်းရိဖန်က ချက်ချင်းတုန့်ပြန်ပြီး လက်ရှိ သူမ​ရောက်​နေသည့်​နေရာအတိအကျအား ​ပြောပြလိုက်၏။

ထို့​နောက် စန်းရန်၏အကြည့်များနှင့် ဆုံ​စေလိုက်သည်။

​လေထုတစ်ခွင်မှာ သိသိသာသာကို တိတ်ဆိတ်ငြိမ်သက်​နေသဖြင့် ဝိန်းရိဖန်မှ စပြီး

"နင် 'ကျုံးနန်ရှစ်ကျိ' ရပ်ကွက်မှာ ​နေတာလား"

စန်းရန် ; "...."

"ငါ အ​ရေး​ပေါ်အချိန်ပိုဆင်းရ​တော့မှာမလို့..ဒီတစ်​ခေါက်ထမင်းဖိတ်​ကျွေးမယ့်အစီအစဥ်ကို ​နောက်တစ်​ခေါက်မှပဲ...ဖိတ်​ကျွေး​တော့မယ်​နော်"

ဝိန်းရိဖန်က သည်အထိစကားဆိုလာခဲ့ပြီး တစ်ခဏရပ်လိုက်ကာ စက္ကန့်ပိုင်း​လောက်ကြာပြီးသွားမှ ချိတုံချတုံဖြင့် ​မေးလာခဲ့၏။

"ငါ့​လောင်ရှစ်က အခု ဒီကို​ကားမောင်းလာ​နေပြီ..နင် လမ်းကြုံလိုက်ချင်​သေးလား"

-----

သုံးမိနစ်ခန့်ကြာပြီး​နောက်တွင် နှစ်​ယောက်သားက ဌာနမှအင်တာဗျူးကား​ပေါ်သို့ ပါသွားခဲ့ကြ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now